မူဆယ်(၁၀၅)မိုင် ဖရဲဈေးကွက်

ယခုကာလသည် ဖရဲသီးများ  စတင်ထွက်ပေါ်ချိန်ဖြစ်ပြီး ပြည်တွင်း၌ အရောင်းသွက် ဈေးကောင်းရနေပြီး ဖရဲစိုက်တောင်သူတွေအတွက် တွက်ခြေကိုက်နေကြောင်း သိရသည်။ ဖရဲကို တရုတ်ဈေးကွက်သို့ အဓိကထား တင်ပို့လျက်ရှိသည်။ ယခုရက်ပိုင်း   မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တစ်ရက်လျှင် ဖရဲကားစီးရေ ၁၀ဝ ခန့် တန်ချိန် ၂၀ဝ၀ ခန့် တစ်တန်လျှင် တရုတ်ယွမ် ၅၀ဝ၀ မြန်မာငွေကျပ် ၁၀ သိန်းခန့်  ပေါက်ဈေးရှိသည်။ ယခင် အပတ်များတွင် တရုတ်ယွမ် ၇၀ဝ၀အထိ  ပေါက် ဈေးရှိခဲ့သော်လည်း ယခု အပတ်တွင် ယာဉ်များပိတ်ဆို့ပြီး   လမ်းခရီးကြန့်ကြာမှုများဖြစ်၍   တရုတ် ဈေးကွက်ရောက်တာနဲ့ ဖရဲအရည်အသွေး  ကျသွားခြင်းကြောင့် ယွမ်၂၀ဝ၀ အထိ ဈေးကျသွားကြောင်း သိရသည်။
ကုန်သွယ်ရေးဇုန်တွင် တစ်ရက်လျှင် ဖရဲကားစီးရေ ၁၅၀မှ ၂၀ဝ ခန့် အထိ  ရှိခဲ့သော်လည်း ၁၀ဝ  လောက်သာ စီးထွက်နိုင်သည်။ ထို့ပြင် ဖရဲကို ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့သို့ စာချုပ်ချုပ်ဆို၍သင်္ဘောဖြင့် အစမ်းတင်ပို့ထား ပြီး ဈေးကွက်ရောက်လို့ မပျက်မစီးဘဲ အရည်အသွေးကြိုက်လျှင် ထပ်မံမှာယူ သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ စင်ကာပူနှင့်ကာတာနိုင်ငံတို့ကလည်း မှာယူထားခြင်းကြောင့် မကြာမီ တင်ပို့နိုင်ရန် အစီအစဉ်ရှိကြောင်း ဖရဲ၊သခွား မွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်းမှ သိရှိရသည်။
 

 

ဆောင်းစံပယ်ဖြူ