စက်သုံးဆီ(ဓာတ်ဆီ၊ ဒီဇယ်)၊ ဆန်၊ သကြား၊ ရွှေနှင့် အမေရိကန်ဒေါ်လာ ပြည်တွင်း ဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ၊ အပတ်စဉ်ဈေးနှုန်း သုံးသပ်ချက်

စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်) ပြည်တွင်းဈေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်ချက်  ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၁ ရက် တွင် Global Petrol Prices Website ၌  ဖော်ပြထားရှိသည့်  ဈေးနှုန်း များအရ ကမ္ဘာ့နိုင်ငံပေါင်း  ၁၀၉ နိုင်ငံအနက် ဈေးနှုန်းမြင့်တက်ခဲ့ သည့် နိုင်ငံပေါင်း ၄၇ နိုင်ငံရှိပြီး ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်သည့် အာဂျင်တီးနားနိုင်ငံတွင်  ယခင်တစ်ပတ်ဈေးနှုန်းထက် ၈ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း တွေ့ရှိရသည်။ ယခုတစ်ပတ်အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ စင်ကာပူ၊ ဗီယက်နမ်၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ ပါကစ္စ တန်၊ နီပေါ၊ ဘာဘေဒို၊ အစ္စရေး၊ ဂျော်ဒန်၊ ကင်ညာ၊ နိုင်ဂျီးရီးယားနှင့် တောင်အာဖရိကစသည့် နိုင်ငံများ အပါအဝင်နိုင်ငံပေါင်း  ၅၂ နိုင်ငံ တွင် ယခင်တစ်ပတ်ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီ ဈေးနှုန်း တည်ငြိမ်ခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ ဓာတ်ဆီဈေးနှုန်း ကျဆင်းသွားသည့်  နိုင်ငံများအနေဖြင့် ဖိလစ်ပိုင်၊ သြစတြီးယား၊ ဘရာဇီး၊ ဆွီဒင်၊ နော်ဝေ၊ ဂျာမနီနှင့် နယူး ဇီလန် စသည့်နိုင်ငံပေါင်း  ၁၀ နိုင်ငံရှိ၍ ယခင်တစ်ပတ်ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ  ၅ ဒသမ ၇ ရာခိုင်နှုန်းအထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
အာဆီယံနိုင်ငံများ၏  ၂၀၂၀ ပြည့်နှစ်  ဒီဇင်ဘာ ၂၁ ရက်တွင် Global Petrol Prices Website ၌  ဖော်ပြထားရှိသည့် ဓာတ်ဆီဈေး နှုန်းများအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် မလေးရှားနိုင်ငံတွင် ၂ ဒသမ ၉၀ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံတွင် ၁ ရာခိုင်နှုန်းဖြင့် ဈေးနှုန်း မြင့်တက်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံတွင် ၅ ဒသမ ၁၀ ရာခိုင်နှုန်း ဈေးနှုန်း ကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်း အပြောင်းအလဲ မရှိ  တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရ သည်။ဒီဇယ်ဆီဈေးနှုန်းသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ  ၂၁  ရက် တွင် Global Petrol Prices Website ၌  ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံ ပေါင်း ၁၀၉ နိုင်ငံအနက်  ဈေးနှုန်းမြင့်တက်ခဲ့သည့်   နိုင်ငံပေါင်း ၅၁ နိုင်ငံရှိပြီး ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်သည့် Liechtenstein နိုင်ငံတွင် ယခင်တစ်ပတ်ဈေးနှုန်းထက် ၆ ဒသမ ၈၀ ရာခိုင်နှုန်း ဈေး နှုန်းမြင့်တက်ခဲ့ကြောင်း တွေ့ရှိရသည်။ ယခုတစ်ပတ်အတွင်း  မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ စင်ကာပူ၊ ဗီယက်နမ်၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ ပါကစ္စ တန်၊ အစ္စရေး၊ ဂျော်ဒန်၊ ကင်ညာ၊ မိုနာကို၊ အိုမန်၊ ကာတာနှင့် ဇင်ဘာ ဘွေ စသည့်နိုင်ငံများအပါအဝင် ၄၈  နိုင်ငံတို့တွင် ယခင်တစ်ပတ်များ အတိုင်း ဈေးနှုန်းအပြောင်းအလဲမရှိဘဲ  ဒီဇယ်ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရသည်။
ဒီဇယ်ဈေးနှုန်းကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ကိုလံ ဘီယာ၊ နယူးဇီလန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ဆွီဒင်နှင့် ဂျာမနီ စသည့်  နိုင်ငံပေါင်း ၁၀ နိုင်ငံရှိပြီး ယခင်တစ်ပတ်ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း တွေ့ရှိ ရသည်။ အာဆီယံနိုင်ငံများ၏ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၁ ရက်တွင် Global Petrol Prices Website ၌ ဖော်ပြထားရှိသည့် ဒီဇယ်ဈေးနှုန်း အနေဖြင့် ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ထိုင်းနိုင်ငံတွင် ၁ ဒသမ ၉၀ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်နိုင်ငံတွင်  ၁ ဒသမ ၁၇ ရာခိုင်နှုန်းနှင့် မလေး ရှားနိုင်ငံတို့တွင် ၁ ဒသမ ၆၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေ ခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ အာဆီယံနိုင်ငံများ၏ ၂၀၂၀ ပြည့် နှစ် ဒီဇင်ဘာ ၂၁ ရက်တွင် ဖြစ်ပေါ်နေသော ဓာတ်ဆီ၊ ဒီဇယ်တစ်လီတာ ဈေးနှုန်းများအား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-