ရက်ခြားသာ အရောင်းအဝယ်ဖြစ်သည့် ပြည်နှမ်း

ယခုတစ်ပတ်  ပြည်ဈေးကွက်တွင် နှမ်းအဝင် မရှိသော်လည်း လှောင်နှမ်းလက်ကျန်များဖြင့် ရက်ခြားသာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ နွေနှမ်းများ ပေါ်ချိန်ဖြစ်သော်လည်း တချို့တောင်သူများက မိုးကြိုနှမ်းနှင့် မိုးနှမ်းစိုက်ပျိုးရန်အတွက် မျိုးအဖြစ်ပြန်ထားကြသဖြင့် ဈေးကွက်သို့ရောက်ရှိမလာသည်ကို တွေ့ရသည်။ ဈေးကွက်တွင် အရောင်းအဝယ်မှာ လှောင်နှမ်းများဖြင့်သာ အရောင်းအဝယ်ဖြစ်နေသည်။ ယခုတစ်ပတ် နှမ်းနီမှာ ဒေသတွင်း ဆီစက်သမားများက အဝယ် ပြန်လိုက်လာ၍ တစ်တင်းလျှင် ကျပ် ၃၉၀ဝ၀ ဖြင့် ယခင်တစ်ပတ်ထက် ဈေးမြင့်ပြီး အိတ် ၅၀-၆၀ ခန့်သာ ရက်ခြား အရောင်းအဝယ်ဖြစ်သည် ကိုတွေ့ရသည်။ နှမ်းနက်မှာ ဝယ်လက်ပါးသွားသည့်အတွက် တစ်တင်းလျှင် ကျပ် ၄၁၆၀ဝ ဖြင့် ယခင်တစ်ပတ်ထက် ဈေးပြန်ကျလာပြီး၊ စမုံနက်နှမ်းမှာ တစ်တင်းလျှင် ကျပ် ၆၁၆၀ဝ ဖြင့် အောင်လံနှင့်မန္တလေးဘက်မှ အဝယ်ရှိသည့်အတွက် အိတ် ၅၀-၆၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

 

ဝေဝေမင်း (ပြည်)