ကွမ်တုံး-မကာအို တရုတ်တိုင်းရင်းဆေးသိပ္ပံနှင့် နည်းပညာလုပ်ငန်းဇုန်မှ မြန်မာနိုင်ငံရှိ တရုတ်တိုင်းရင်းဆေး ဖြန့်ဖြူးရောင်းချသူများ၊ ပညာရှင်များ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း အဆိုပြုလာ

     တရုတ်ပြည်သူ့သမ္မတနိုင်ငံ မကာအိုအထူး အုပ်ချုပ်ရေးဒေသ အစိုးရ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအဖွဲ့နှင့် မကာအို၊ ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးမှ စီးပွားရေးအသင်း အဖွဲ့ ၁၅ ဖွဲ့မှ ပူးတွဲကြီးမှူး၍ အောက်တို ဘာ ၁၇ ရက် မှ ၁၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် မကာအို နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပြပွဲကာလအတွင်း ဟန်ချင်ကျွန်းသို့ သွားရောက်လေ့လာရာတွင် ၎င်းကျွန်းပေါ်ရှိ ကွမ်တုံး-မကာအို တရုတ်တိုင်းရင်းဆေးသိပ္ပံနှင့် နည်းပညာလုပ်ငန်း ဇုန် Guangdong Macao Traditional Chinese Medicine Science and Technology Industrial Park- GMTCM Park ၏ Management Team မှ မြန်မာနိုင်ငံရှိ တရုတ်တိုင်းရင်းဆေး ဖြန့်ဖြူးရောင်းချသူများ၊ တိုင်းရင်းဆေးပညာရှင်များ၊ အသင်း အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လို ကြောင်း အဆိုပြုလာပါသည်။ 
      အဆိုပါစာတွင်အဓိကအားဖြင့် ဟန်ချင် ကျွန်းသည် ကျူးဟိုင်မြို့ရှိ  ကျွန်းတစ်ကျွန်းဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်တုံးပြည်နယ်ရှိ အထူးစီးပွားရေးဇုန်တွင် ပါဝင်ကြောင်း၊ အဆိုပါ ကျွန်းတွင် ကွမ်တုံးပြည်နယ်နှင့် မကာအိုဒေ သ အကြား ပူးပေါင်းဆောင်ရွက်ရန်အတွက် ကွမ်တုံး-မကာအို တရုတ်တိုင်းရင်းဆေးသိပ္ပံနှင့် နည်းပညာ လုပ်ငန်းဇုန်  (Guangdong Macao Traditional Chinese Medicine Science and Technology Industrial Park- GMTCM Park) ကိုလည်း ထူ ထောင်ထားကြောင်း၊ GMTCM  Park ကို တရုတ် တိုင်းရင်းဆေးပညာအား  နိုင်ငံတကာအဆင့်မီ အရည်အသွေးထိန်းချုပ်စနစ် အသုံးပြုနိုင်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ နည်း ပညာများ ဖလှယ်နိုင်ရန်ရည်ရွယ်၍ တည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ထိုင်းနိုင်ငံ ဗန်ကောက် မြို့ရှိ ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်း ရင်းဆေးများ  ဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်းပါရှိပြီး မြန်မာနိုင်ငံမှ တရုတ် တိုင်းရင်းဆေးများ ဖြန့်ဖြူးရောင်းချသူများ၊ တိုင်းရင်းဆေးပညာရှင်များ၊ အသင်းအဖွဲ့များနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် အဆိုပြုလာပါသည်။ ပူးပေါင်းဆောင်ရွက်လိုပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန် သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ သတင်းအချက်အလက် နှင့် သုတေသနဌာနခွဲ၊ ဖုန်း-ဝ၁-၃၇၆၄၉၀၊ [email protected] တို့သို့ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။ 

 

ခင်မြနွယ်

MYANTRADE (TIR)