ဘိလပ်မြေ ယခုတစ်ပတ် ရေလမ်းမှအဝင်လျော့ပြီး နယ်စပ်လမ်းမှ အဝင်ပို

       ဩဂုတ် ၁၁ ရက်မှ ၁၇ ရက်သီတင်းပတ်အတွင်း  အမေရိကန်ဒေါ်လာ ၇၅၁၆ တန်ဖိုးရှိ ဘိလပ်မြေ ၅၁ ဒသမ ၈၄ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ်   မလေးရှားနိုင်ငံမှသာ တင် သွင်းခဲ့သည်။ ယခင် သီတင်းပတ်က ဘိလပ်မြေတန်ချိန် ၂၆၆၁၀ ကျော် တင်သွင်းခဲ့ခြင်းကြောင့် ယခု တစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန်၂၆၀ဝဝကျော် တင်သွင်းမှုလျော့နည်း ခဲ့ကြောင်းသိရသည်။ ဩဂုတ် ၁၀ ရက်မှ ၁၆ ရက်အတွင်း နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာ တန် ချိန်၈၉၆၀ကျော်ရှိခဲ့ပြီး ယခင်သီတင်းပတ်က ဘိလပ်မြေအဝင်မှာ တန်ချိန် ၂၉၃၀ ကျော်ရှိခဲ့ခြင်းကြောင့် ယခုတစ်ပတ်မှာ တန်ချိန် ၆၀၂၀ ကျော်  အဝင်ပိုခဲ့သည်။ ထို့ကြော င့် ယခုတစ်ပတ်ရေလမ်းမှ အဝင်လျော့ခဲ့ပြီး နယ်စပ်လမ်းမှ အဝင်ပိုခဲ့သည်။

 

သီတာဝင်း (DOT)