ချင်းတန်ချိန် ၈၀၀ ကျော် ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်

      သြဂုတ် ၄ ရက်မှ ၁၀ရက်သီတင်းပတ်အတွင်းချင်း ၈၈၁ တန်ကို ပင်လယ်ရေကြောင်း  ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့သည်။ ယခုတစ်ပတ် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ၈၅၇ တန်နှင့် အိန္ဒိယနိုင်ငံသို့ ၂၄ တန် တင်ပို့ခဲ့ကြောင်းသိရသည်။ ယခင်သီတင်းပတ်က ချင်း ၆၀၈ တန်တင်ပို့ခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ၂၇၃ တန် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ယခု တစ်ပတ် ချင်းစိုနှင့် ချင်းခြောက်တင်ပို့ခဲ့ရာ ချင်းစိုက တစ်တန်ကို ပျမ်းမျှ အမေရိ ကန်ဒေါ်လာ ၁၈၅-၂၀၀ ရရှိခဲ့ပြီး ချင်းတစ်တန် က အမေရိကန်ဒေါ်လာ ၈၉၅ ဒေါ်လာရရှိခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ် ချင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၉၀၁၈၀ ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။

 

သီတာဝင်း (DOT)