မြေသြဇာအဝင်နည်း

       အောက်တိုဘာလ ၁၅ ရက်မှ ၂၁ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၃၅၄၅၄၇၇ တန်ဖိုးရှိ မြေသြဇာ ၁၂၅၈၁ ဒသမ ၆၆၂ တန်ကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ချီလီနိုင်ငံမှ ၄၂၅ တန်၊ တရုတ်နိုင်ငံမှ ၁၇၀၁ ဒသမ ၇တန်၊ ဂျာမနီနိုင်ငံမှ ၁၉၉၇ ဒသမ ၉၉ တန်၊ အီရန် နိုင်ငံမှ ၁၀၅၀ တန်၊ ဂျပန်နိုင်ငံမှ ၂၆ ဒသမ ၂၅ တန်၊ ကိုရီးယားနိုင်ငံမှ ၂၄၇ တန်၊ မလေးရှားနိုင်ငံမှ ၁၃၂၅ ဒသမ၈၄၂ တန်၊ နော်ဝေနိုင်ငံမှ ၉၇ ဒသမ ၈၈ တန်၊ ပါကစ္စ တန်နိုင်ငံမှတန်ချိန် ၃၅၀၀၊ ထိုင်းနိုင်ငံမှတန်ချိန် ၁၈၀၀ နဲ့ ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၄၁၀တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ မြေသြဇာ တန်ချိန် ၁၃၈၁၀ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန်၁၂၃၀ကျော် တင်သွင်းမှု လျော့နည်းခဲ့တယ်လို့သိရပါတယ်။

 

သီတာဝင်း (DOT)