တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံသို့ ချင်းခြောက်တင်ပို့

      မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ အောက် တိုဘာ ၁၄ ရက်မှ ၂၀ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၉၈၈၀ တန်ဖိုးရှိ ချင်းခြောက် ၈ တန်ကို တရုတ်နိုင်ငံသို့တင်ပို့ခဲ့ပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ချင်းခြောက်တစ်တန်ကို မိမိဘက်ပေါက်ဈေး (ငွေလဲနှုန်းအရ) ကျပ် ၁၆၇၂၁၉၀ ရှိပြီး ယခင်နှစ်ကာလ တူဈေးမှာ ကျပ် ၁၃၆၄၂၅၀ ဝန်းကျင် ရှိခဲ့ကြောင်း သိရပါတယ်။ အလားတူ မြန်မာ-ထိုင်းနယ်စပ် ရှိ   မြဝတီကုန်သွယ်ရေးဇုန်မှလည်း အမေရိကန်ဒေါ်လာ ၃၀၀၇ တန်ဖိုးရှိ ချင်းခြောက် နှစ်တန်ခွဲကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ 

 

မော်မော်အောင်