အိန္ဒိယနယ်စပ်မှ ကွမ်းသီးတင်ပို့မှု ကျဆင်း

        မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ သြဂုတ် ၁၂ ရက်မှ ၁၈ ရက်ထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ၃၃၂ သန်း တန်ဖိုး ရှိ ကွမ်းသီး ၃၈၄ တန်ကို အိန္ဒိယနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က ၄၃၃ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၄၇ တန် လျော့နည်းတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ တမူးကုန်သွယ်ရေးစခန်းမှ ကွမ်းသီး ပိုမိုတင်ပို့ခဲ့သော် လည်း ရိဒ်ကုန်သွယ်ရေးစခန်းမှ လျော့ နည်း တင်ပို့ခဲ့တဲ့အတွက် ယခုလို ကျဆင်းရခြင်း ဖြစ်ပါတယ်။
       တင်ပို့မှုကို ကြည့်ပါက ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၆၉ သန်း တန်ဖိုးရှိ ကွမ်းသီး ၈၅ တန်နဲ့ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၂၆၃ သန်း တန်ဖိုးရှိ ကွမ်းသီး ၂၉၈ တန် တင်ပို့ခဲ့တယ်လို့  သိရပါတယ်။ တမူးကုန်သွယ်ရေးစခန်းမှ ကွမ်းသီးအပြင် အမေရိကန်ဒေါ်လာ သုည ဒသမ ၅၇၈ သန်း တန်ဖိုးရှိ ဓါတ်ဆီ၊ နန့်ဖာလုံအမယ်စုံ၊ စီးကရက်၊ ငရုတ်ကောင်း တို့ကို တန် ၄၂၀ နဲ့ ရိဒ်ကုန်သွယ်ေ ရးစခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၁၀၃ သန်းတန်ဖိုးရှိ ငရုတ်ကောင်း၊ စောင်၊ မစီးဖိနပ်၊ မဝတ်တီရှပ်တို့ကို ၁၆၃ တန် တင်ပို့ခဲ့ တယ်လို့ သတင်းရရှိပါတယ်။

 

ခင်မိုးသူ