အောင်ပန်းဈေးကွက်မှာ ချင်းလက်ကျန် နည်းနေသော်လည်း အဝင်ရှိနေ

       ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာတော့  ချင်းလက်ကျန်နည်းနေပေမယ့် အဝင်ရှိနေပါတယ်။ ကလောမြို့နယ်၊ ဟဲဟိုးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ပင်းတယ မြို့နယ်တွေကထွက်တဲ့ ချင်းတွေကတော့ နည်းနည်းစီအဝင် ရှိနေပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က စစ်တွေဝယ်လက်အနည်းငယ်ရှိတာကြောင့် အောင်ပန်းဈေးကွက်မှာ ချင်းအရောင်းအဝယ်သွက်ခဲ့ပြီး တစ်ပတ်အတွင်းကုန်ချိန်သိန်းဂဏန်းနီးပါးအရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ လောလောဆယ် မှာ ဈေးပတ်သမားတွေသာအဆွဲရှိပြီး မိတ္ထီလာ၊ တောင်သာ၊ မကွေးဘက်မှ အဝယ်ရှိလို့  ငါးရက်တစ်ဈေးကို ကုန်ချိန်တစ် သောင်းရှစ်ထောင်ခန့်  အရောင်းအဝယ်ဖြစ်နေပါတယ်။ ချင်းစိုတစ်ပိဿာကိုကျပ် ၃၀၀မှ ကျပ်၃၃၀ဈေး ရှိနေပြီး ချင်းခြောက် တစ်ပိဿာကို ကျပ် ၁၁၀၀ ဈေးရှိပါတယ်။
       ဟိုပုံးဈေးကွက်မှာတော့ ချင်းဈေးကွက်ငြိမ်နေပြီး ဝယ်လက်လည်းမရှိ၊ အဝင် လည်းမရှိဘူးလို့သိရပါတယ်။ ဈေးကတော့ တစ်ပိဿာကိုကျပ် ၃၀၀ နဲ့ နောက်ဆုံး ဈေးပိတ်သွားခဲ့တယ်လို့သိရပါတယ်။  ဈေးကွက်အဝင်လည်း မရှိတာကြောင့် အောင်ပန်းဈေးကွက်ရဲ့အခြေအနေကို စောင့်ကြည့်ပြီးမှပဲ ရောင်းဝယ်မှုကိုပြန်စမယ် လို့ကုန်သည်များထံမှသိရှိရပါတယ်။

 

စောယုထွေး(တောင်ကြီး)