နိုင်ငံတကာရော်ဘာ ဈေးအတက်အကျသိပ်မရှိ

       သြဂုတ် ၅ ရက်မှ ၁၁ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ တစ်သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၈၅၅ တန်ကျော်ကို ကုန်သွယ်ရေးစခန်းများမှတင်ပို့ခဲ့ရာ မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများဖြစ်ေ သာ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ RSS 3 အမျိုးအစား ၆၄ တန်၊ RSS 5  အမျိုးအစား ၂၄၃ တန်နဲ့ MSR 20 ၇၅ တန်ကျော်၊ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ RSS3 အမျိုးအစား ၅၂ တန်၊ RSS 5 အမျိုးအစား ၂၂၁ တန်တင်ပို့ခဲ့ပြီး မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ရော်ဘာစေးတန် ချိန် ၂၀၀ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုနဲ့ နှိုင်းယှဉ် ပါက ယခင်တစ်ပတ်က ရော်ဘာမျိုးစုံ ၁၈၆၇ တန် တင်ပို့ခဲ့တဲ့ အတွက် ယခု တစ်ပတ်မှာ ၁၀၁၂ တန်တင်ပို့မှုလျော့ကျခဲ့ပါ တယ်။ ယခုတစ်ပတ်မှာ ရော်ဘာတင်ပို့မှုလျော့ကျသော်လည်း မူဆယ်ကုန်စည်ဒိုင်မှာ ရော်ဘာဈေး အနည်းငယ်မြင့်တက် ကြောင်း သိရပါတယ်။ RSS 3 အမျိုးအစားတစ်တန်ကို ကျပ် ၁၉ ဒသမ ၈၇၉ သိန်းဖြစ်ပြီး ၁၉၈၀၁ ကျပ်ဈေးတက်ပါတယ်။ RSS 5 အမျိုးအစားတစ်တန်ကိုကျပ် ၂၀ ဒသမ ၀၈၄ သိန်းဖြစ် ပြီး ၁၃၆၃၂၂ ကျပ်ဈေးတက်ပါတယ်။
         ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ သြဂုတ် ၆ ရက်မှ ၁၂ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၃၆၁ သန်းတန်ဖိုးရှိ ရော်ဘာ MSR 20 အမျိုး အစား ၂၄၉ တန်ကျော်ကို ဂျပန်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင် တစ်ပတ်တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ၈၈ တန်ပိုမိုတင်ပို့နိုင်ခဲ့ ကြောင်းသိရပါတယ်။ ယခုတစ်ပတ်မှာလည်း နိုင်ငံတကာရော်ဘာဈေး အတက်အကျ သိပ်မရှိကြောင်းသိရပါတယ်။ မိုးတွင်းကာလဖြစ်တဲ့အတွက် ရော်ဘာအရောင်း အဝယ်ပါးပြီး ဈေးလည်း သိသိသာသာ ပြောင်းလဲခြင်းမရှိဘဲ ဈေးငြိမ်နေပါတယ်။ နိုင်ငံတကာ ရော်ဘာဈေးငြိမ်တာနဲ့အမျှ မြန်မာ့ရော်ဘာ FOB ဈေးလည်း ငြိမ်နေပါတယ်။ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်းက FOB ဈေးကို ယခင်တစ်ပတ်ဈေးနှုန်းအတိုင်း မပြောင်းလဲဘဲ ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါတယ်။

 

ယဉ်ယဉ်အေး