မြန်မာ့နာနတ်သီးများကို တရုတ်နိုင်ငံမှ ဝယ်ယူမှုများပြား

       ပြည်တွင်းထွက် သစ်သီးဝလံများကို တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့နေရပြီး လက်ရှိတွင် တရုတ်နိုင်ငံမှ မြန်မာ့ နာနတ်သီးများကို အများအပြား ဝယ်ယူလျက် ရှိနေပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန် သွယ်ရေး ဇုန်မှ အမေရိကန်ဒေါ်လာ ၁၇၄၉၆ တန်ဖိုးရှိ နာနတ်သီး ၂၁၆ တန်ကိုလည်းကောင်း၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၅၀၂၂ တန်ဖိုးရှိ နာနတ်သီး ၆၂ တန်ကို လည်းကောင်း သြဂုတ်လ ၅ ရက် မှ ၁၁ ရက်အတွင်း တရုတ် နိုင်ငံသို့ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

        အလားတူ မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ် ကုန် သွယ်ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ ၁၄၈၁၅ တန်ဖိုး ရှိ နာနတ်သီး တန် ၁၀၀ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော် မြို့နယ်အတွင်းရှိ ရွှေဘို-မြစ်ကြီးနားသွား ကားလမ်းဘေးရှိ ကျေးရွာတွေမှာ နာနတ်ခြံများ တိုးချဲ့စိုက်ပျိုးလျက်ရှိပါတယ်။ နာနတ် စိုက်ပျိုးတဲ့အခါမှာ မစိုက်ခင်မြေကို အရင်ထွန်ယက်ရပြီး မြက်ပေါင်းတွေ သယ်ပြီးတဲ့အခါမှာ ဘောင် ဆယ်ရပါ တယ်။ ဘောင်ဆယ်ပြီးတော့ ဘောင်အတွင်းမှာ အပင်စိုက်ပျိုး ရပါတယ်။ စိုက်ပြီးတစ်လကြာ ချိန်မှာတော့ စပါးခွံဓာတ်မြေသြဇာကို စိုက်ထားတဲ့အပင်တွေကြားထဲကို ထည့်ပေးရတယ်လို့ အင်းတော်မြို့နယ်မှ နာနတ် စိုက် တောင်သူတစ်ဦးက ပြောပါ တယ်။ 

 

မော်မော်အောင်