မူဆယ်မှ ဝါဂွမ်းနဲ့ ပိုးအိမ်လျော့နည်းတင်ပို့

         မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ သြဂုတ် ၅ ရက်မှ ၁၁ ရက်အထိ ရက်သတ္တပတ်အတွင်း အမေ ရိကန် ဒေါ်လာ ၁၇၃၈၀၀ တန်ဖိုးရှိ ငွေချည်-၆ဝါ ၇၉ တန်တင်ပို့ခဲ့ရာ ယခင် တစ်ပတ်က တင်ပို့ခဲ့တဲ့ ၁၂၉ တန်နဲ့ နှိုင်းယှဉ်ပါက တန်၅၀ လျော့နည်းခဲ့ သလို အမေရိ ကန်ဒေါ်လာ ၁၄၀၀၀ တန်ဖိုးရှိပိုးအိမ် ၄ တန် တင်ပို့ရာမှာ လည်း ယခင်တစ်ပတ်က ၈ တန် တင်ပို့ ခဲ့တဲ့အတွက် ၄ တန်လျော့နည်း တင်ပို့ ခဲ့တာတွေ့ရပါတယ်။
          ရမည်းသင်းမြို့နယ်ရှိ ဝါပွဲရုံများ၊ အဝယ်ဒိုင်များက အနယ်နယ်အရပ်ရပ် မှ ထွက်ရှိတဲ့ ဝါများကို ဝယ်ယူစုဆောင်း ပြီး ဝါဂွမ်းနဲ့ ဝါစေ့အဖြစ် ကြိတ်ခွဲ ရောင်းချကာ ဝါတစ်ပိဿာကို ကြိတ်လျှင် ဝါဂွမ်း ၃၃ ကျပ်သားမှ ၃၇ ကျပ် သားခန့်နဲ့ ကျန် အတိုင်းအတာမှာ ဝါစေ့ရရှိကြောင်း၊ ကြိတ်ခွဲရရှိတဲ့ ဝါဂွမ်းကို ဖိစက်နဲ့ ဖိပြီး စနစ်တကျ ထုပ်ပိုး၍ မန္တလေး စက်ရုံများနဲ့ ပြည်ပဝယ်လက်များထံ ရောင်းချ ရကြောင်း၊ ဝါစေ့များကို မြင်းခြံ၊ တောင် သာနဲ့ မိတ္ထီလာမြို့ များရှိ ဆီစက်များသို့ တင်ပို့ရောင်းချကြောင်း ဝါကြိတ်စက် လုပ်ငန်းရှင် တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

 

မော်မော်အောင်