မူဆယ်မှကြက်သွန်နီ လျော့နည်းတင်ပို့

      ဇူလိုင် ၂၉ ရက်မှ သြဂုတ်၄ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်  နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၈၃၂၀ တန်ဖိုး ရှိ ကြက်သွန်နီ ၁၆ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင် တစ်ပတ်က တင်ပို့ခဲ့တဲ့ ၃၂ တန်နဲ့ နှိုင်းယှဉ်ပါက ယခုတစ်ပတ်မှာ ၁၆ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။ မူဆယ်မှာ ကြက်သွန်နီတစ်တန်ကို လိုင်စင်ဈေး အမေရိကန်ဒေါ်လာ ၅၂၀ ရှိတယ် လို့ သိရပါတယ်။ အလားတူ မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိ ကန်ဒေါ်လာ ၂၂၀၅၀၀တန်ဖိုးရှိ ကြက်သွန်ဖြူတန် ၁၅၀ ကို ထိုင်းနိုင်ငံသို့လည်း ကောင်း၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိ  တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၄၄၁၆ တန်ဖိုးရှိ ကြက်သွန်ဖြူ သုံးတန်ကို အိန္ဒိယနိုင်ငံသို့လည်းကောင်း အသီးသီး တင်ပို့ခဲ့ပါတယ်။
       ကြက်သွန်နီကို ရှမ်းပြည်နယ်နဲ့ စလင်း၊ ပွင့်ဖြူ၊ ရေနံချောင်း၊ ဆိပ်ဖြူ၊ ပခုက္ကူနယ်များမှာ အဓိကစိုက်ပျိုးကြကြောင်း၊ ကြက်သွန်ဈေးတက်ရတဲ့ အကြောင်းရင်းမှာ ဝါတွင်းကာလ ဆွမ်းလောင်းလှူကြတဲ့ ရာသီချိန်ကြောင့်ဖြစ် သလို မိုးအဆက်မပြတ်ရွာသွန်း၍  ကြက်သွန်အပျက်အစီးများမည်ဟု ခန့်မှန်းမှုကြောင့် လှောင်လက်များက အလုံးအရင်းနှင့် ကြက်သွန်အဟောင်းများကို ဝယ်ယူလာကြတဲ့အတွက် ဈေး တက်ရတာဖြစ်ကြောင်း ဘုရင့်နောင် ကုန် စည်ဒိုင်ရှိ ကြက်သွန်ပွဲရုံမှ သတင်းရရှိပါ တယ်။

 

မော်မော်အောင်