ပင်လယ်ရေကြောင်းမှ ဆန်ပိုမိုတင်ပို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အများဆုံးဝယ်ယူ

         မြန်မာ-တရုတ် နယ်စပ်ရှိကုန် သွယ်ရေးစခန်းများနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ  ကုန်သွယ် ရေးစခန်းများမှ ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်အထိ  သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၀၁၂ သန်း တန်ဖိုးရှိ  ဆန်နဲ့ ကောက်ညှင်းဆန် ၂၅၀၇၇ တန်ခန့် တင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် မှ ငစိန်ဆန် ၁၁၈၈၁ တန်နဲ့ ဧည့်မထ ဆန် ၇၉၇၈ တန်၊ ကောက်ညှင်းဆန် ၂၇၈ တန်၊ ချင်းရွှေဟော်  ကု န်သွယ် ရေးစခန်းမှ ငစိန်ဆန် ၂၂၆ တန် ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန် ၄၁၅၈ တန် ကျော် တင်ပို့ခဲ့ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်း မှ ဧည့်မထဆန် ၄၂ တန်၊  မောင်တော ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၅၁၄ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ကုန်သွယ်ရေး စခန်းများမှ   ဆန် ၂၇၈၄၂ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် ဆန်တင်ပို့မှု ၂၇၆၅ တန် လျော့ကျ ခဲ့ပါတယ်။မြန်မာ-တ ရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အမေရိကန် ဒေါ်လာ သုည ဒသမ ၆၈၈ သန်း တန်ဖိုးရှိ ဆန်ကွဲ ၂၇၀၅ တန်ကျော် တင်ပို့ခဲ့ရာ မူဆယ်(၁၀၅)မိုင် ကုန် သွယ်ရေးဇုန်မှ  ဆန်ကွဲ ၂၀၉၆ တန် ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ ၅၈၉ တန်ကျော်နဲ့ ချင်းရွှေ ဟော်ကုန်သွယ်ရေးစခန်းမှ တန်၂၀ တင်ပို့ခဲ့ပါတယ်။  ယခင်တစ်ပတ်က တန်ချိန် ၃၂၉၀ တင်ပို့ခဲ့တဲ့အတွက် ယခု တစ်ပတ်မှာ ၅၈၅ တန် လျော့နည်း တင်ပို့ခဲ့ကြောင်း သိရပါတယ်။

        ယခုတစ်ပတ် ကုန်သွယ်ရေး စခန်းများမှ ဆန်ရော ဆန်ကွဲပါ တင် ပို့မှုလျော့ကျခဲ့ပါတယ်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဇူလိုင် ၂၃ ရက်မှ ၂၉ ရက် အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၀၉ သန်း တန်ဖိုးရှိ ဆန်ဖြူနဲ့ ပေါင်းဆန် ၂၃၄၄၃ တန်ခန့် တင်ပို့ခဲ့ရာ စင်ကာပူနိုင်ငံ သို့ ဧည့်မထဆန် တန်ချိန် ၆၅၀၊ သီရိ လင်္ကာနိုင်ငံသို့ ဧည့်မထ ဆန် ၁၀၂၄ တန်၊ ရုရှားနိုင်ငံသို့ ဧည့်မထဆန် တန်ချိန် ၃၅၀၊ ဟောင်ကောင်သို့ ငစိန်ဆန် တန်ချိန် ၅၀၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဧည့်မထဆန် တန်ချိန် ၁၀၅၀၀၊ တောင်အာဖရိကနိုင်ငံသို့ ဧည့်မထဆန် ၁၁၂၅တန်၊ မက်ဒါဂါ စကားနိုင်ငံသို့ ဧည့်မထဆန် ၄၁၄၅ တန်၊အာဖဂန်နစ္စတန်နိုင်ငံသို့ ဧည့်မထဆန် တန်ချိန် ၄၀၀၀၊  အီးယူ နိုင်ငံများသို့ ပေါင်းဆန်တန်ချိန် ၆၀၀၊ ဧည့်မထဆန် ၇၄၄ တန်နဲ့ ပေါ်ဆန်းဆန် ငါးတန်၊ ယူအေအီးနိုင်ငံ များသို့ ဧည့်မထဆန် တန်ချိန် ၂၅၀ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၁၆၂၃၈ တန် တင်ပို့ခဲ့တဲ့ အတွက် ယခုတစ် ပတ်မှာ ၇၂၀၅ တန် ပိုမိုတင် ပို့နိုင်ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်အများဆုံး တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ယခုတစ်ပတ်မှာ ဆန်ပိုမိုတင် ပို့နိုင်သော်လည်း ဆန်ကွဲတင်ပို့မှု အနည်းငယ် လျော့ကျခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၅၈ သန်း  တန်ဖိုးရှိ ဆန်ကွဲ ၇၁၂၈ တန် တင်ပို့ခဲ့ပြီး နိုင်ငံအလိုက် တင်ပို့မှု များမှာ မလေးရှားနိုင်ငံသို့  ဆန်ကွဲ ၁၅၃ တန်၊ သီရိလင်္ကာနိုင်ငံသို့ တန် ချိန် ၂၅၀၊ စင်ကာပူနိုင်ငံသို့  ၂၅ တန်၊ တောင် အာဖရိကနိုင်ငံသို့ တန် ချိန် ၅၀၀၊  မက်ဒါဂါစကားနိုင်ငံသို့ တန်ချိန် ၁၅၀နဲ့ အီးယူနိုင်ငံများသို့ တန်ချိန် ၆၀၅၀ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်တစ်ပတ်က ဆန်ကွဲ ၈၅၇၅တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၄၄၇ တန် လျော့နည်း တင်ပို့ခဲ့တာ တွေ့ရပါတယ်။

 

ယဉ်ယဉ်အေး