အိန္ဒိယနယ်စပ်မှ ကွမ်းသီးများ ပိုမိုတင်ပို့လျက်ရှိ
မြန်မာ- အိန္ဒိယနယ်စပ်ရှိ ကုန် သွယ်ရေးစခန်းများမှ ဇွန် ၁၀ ရက်မှ ၁၆ ရက်အထိ သီတင်းပတ်အတွင်း အမေ ရိကန်ဒေါ်လာ သုညဒသမ ၇၀၃ သန်း တန်ဖိုးရှိ ကွမ်းသီးတန် ၈၇၀ ခန့်ကို တင် ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၆၅၃ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် မှာ ၂၁၇ တန် ပိုမိုတင်ပို့ခဲ့တယ်လို့ သိရ ပါတယ်။ ယခုတစ်ပတ်မှာ တမူး နယ်စပ်မှ ကွမ်းသီးတင်ပို့မှု ကျဆင်းခဲ့သော် လည်း ရိဒ်နယ်စပ်မှ ကွမ်းသီးများ ပိုမိုတင်ပို့ခဲ့တဲ့အတွက် အိန္ဒိယ သို့ ကွမ်းသီး တင်ပို့မှု အားကောင်းနေတယ်လို့ သိရ ပါတယ်။
တင်ပို့မှုကို ကြည့်ပါက တမူး ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ် လာ သုညဒသမ ၀၁၇ သန်းတန်ဖိုးရှိ ကွမ်းသီးတန် ၂၀ ခန့်နဲ့ ရိဒ်ကုန်သွယ် ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၆၈၆ သန်းတန်ဖိုးရှိ ကွမ်းသီး တန် ၈၅၀ ခန့်ကို တင်ပို့ခဲ့တယ်လို့ သိရ ပါတယ်။ ရိဒ်ကုန်သွယ်ရေးစခန်းမှ ယခုတစ်ပတ်မှ ကွမ်းသီးတစ်မျိုးသာ အိန္ဒိယသို့တင်ပို့ခဲ့သော်လည်း တမူး ကုန်သွယ် ရေးစခန်းမှ ကွမ်းသီးအပြင် အမေရိကန် ဒေါ်လာ သုညဒသမ ၂၂၄ သန်းတန်ဖိုး ရှိ စီးကရက်၊ ပဲပုပ်စေ့နဲ့ နန်းဖာလုံအမယ် စုံတို့ကို ၂၅တန် တင်ပို့နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ခင်မိုးသူ