မူဆယ်မှ ပရဆေးကုန်ကြမ်း တင်ပို့မှုလျော့နည်း

        မေ ၂၀ ရက်မှ ၂၆ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ် နယ် စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၆၆၁ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်းအမယ် (၁၀) မျိုး၊ တန်ချိန်အားဖြင့် ၆၃၈ တန် ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ပရဆေး ၉၉၁ တန်ကျော်နဲ့နှိုင်းယှဉ်ပါက ယခုတစ်ပတ် မှာ ၃၅၃ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေးအမယ်များမှာ မိကျောင်းကွမ်းဖ တ်စေ့၊ နေလဲ စေ့၊ ကြောင် လျှာစေ့၊ မာလာဥ၊ မာလာဥခေါင်း၊ တောချင်း၊ ချင်းခြောက်၊ နနွင်းတက်၊ ဆီးဆန်နဲ့  ဒရင်ကောက်မြစ်တို့ ဖြစ်ပါတယ်။ အလားတူ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ သုည ဒသမ ၁၁၀ သန်း တန်ဖိုးရှိ ကြက်ဆူစေ့ ၁၅၇ တန်ကျော် တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ပရဆေးကုန်ကြမ်းများကို ပြည်ပနိုင်ငံများသို့  တင်ပို့လျက်ရှိသလို မြန်မာ-အိန္ဒိယ နယ်စပ်ရှိ  တမူးကုန်သွယ်ရေး စခန်းမှလည်း  အမေရိကန်ေ ဒါ်လာ ၄၂၂၄၀ တန်ဖိုးရှိ တောင်လုံးကျော် နှစ်တန်ခွဲကို မြန်မာနိုင်ငံသို့ တင်သွင်းလာခဲ့ တယ်လို့သိရပါတယ်။

 

မော်မော်အောင်