ရော်ဘာပြည်တွင်းဈေးရော ပြည်ပဈေးပါ မြင့်တက်လာ

         မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဇန်နဝါရီ ၂၁ ရက်မှ ၂၇ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၀၈ သန်းဖိုးရှိ ရော်ဘာ အဆင့်စုံ ၂၃၉၇ တန်တင်ပို့ခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ RSS 1 ၁ ၄၁ တန်ကျော်၊ RSS 3  ၁၂၂၄ တန်ကျော်၊ RSS 5 တန် ၁၆၀ ၊ MSR 20 ၁၀၃ တန်ကျော်၊ MSR 50 ၉၅ တန်နဲ့ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ RSS 3 ၇၇၃ တန်ကျော် တင်ပို့ခဲ့ရာ ယခင်တစ် ပတ် တင် ပို့မှုထက် ၅၆၁ တန်ေ လျာ့နည်းခဲ့ပါတယ်။ ရော်ဘာအပို့လျော့ သော်လည်း မူဆယ်ကုန်စည်ဒိုင်မှ ထုတ်ပြန်တဲ့ ရော်ဘာ ဈေးအရ တစ်တန်ကို ကျပ် ၄၈၅၀၀၀ ဈေးတက်ကြောင်း သိရှိရပါတယ်။ RSS 3 တစ်တန်ကို ကျပ် ၂၆ ဒသမ ၁၉ သိန်းနဲ့ RSS 5  တစ်တန်ကို ကျပ် ၂၅ ဒသမ ၂၂၇ သိန်း ဈေးပေါက်ကြောင်း သိရှိရပါတယ်။
          ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဇန်နဝါရီ ၂၂ ရက်မှ ၂၈ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၇၇ သန်းဖိုးရှိ ရော်ဘာ ၈၀၆ တန်ကို မလေးရှား၊ စင်ကာပူနဲ့ ကိုရီးယားနိုင်ငံများသို့ တင်ပို့ခဲ့ပါ တယ်။ မလေးရှားနိုင်ငံသို့ RSS 3  ၄၀၅ တန်၊ စင်ကာပူနိုင်ငံသို့ MSR 20 (TSR) ၉၉ တန်နဲ့ MSR10၂၀၁ တန်ကျော်၊ ကိုရီးယားနိုင်ငံသို့ MSR 20 (TSR) ၁၀၁ တန်ခန့် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်တစ်ပတ်က ၁၁၉၈ တ န် ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၃၉၂ တန် လျော့နည်းခဲ့ပါတယ်။ ယခုတစ်ပတ်မှာ နိုင်ငံတကာ ရော်ဘာပေါက်ဈေး တစ်တန်ကို ဒေါ်လာ ၃၅၀ ကျော် တက်လာကြောင်း သိရပါတယ်။ ဒါကြောင့် ပြည်ပပို့မယ့် မြန်မာေ ရာ်ဘာဈေး လည်း တစ်တန်ကို ဒေါ်လာ ၃၅၀ တိုးပြီး ဈေးနှုန်းထုတ်ပြန်ခဲ့ကြောင်း သိရှိရပါတယ်။

 

ယဉ်ယဉ်အေး