ပရဆေးကုန်ကြမ်းတန် ၁၂၀၀ ကျော် တရုတ်နိုင်ငံသို့တင်ပို့

      မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဇန်နဝါ ရီလအတွင်း ပရဆေးကုန်ကြမ်းတန်ချိန် ၁၂၀၀ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ဇန်န ဝါရီ နောက်ဆုံးပတ်မှာတော့ အမေရိ ကန်ဒေါ်လာ သုည ဒသမ ၂၅၀ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်းအမယ် ကိုး မျိုး တန်ချိန် ၂၅၄ တန်တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေးအမယ်များမှာ မိကျောင်း ကွမ်းဖတ်စေ့၊ နေလဲစေ့၊ ကြောင်ပန်းစေ့၊ ကွမ်းသီးခွံ၊ မုတ်ခါး၊ ဆီးဆန်၊ တောချင်း၊ မာလာဥခေါင်း နဲ့ ချဉ်ပေါင်ဖာလာ(အခွံပါ) တို့ဖြစ်ပါ တယ်။ ယခင်တစ်ပတ်က တန်ချိန် ၃၇၀ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် မူဆယ် မှ ပရဆေးတင်ပို့မှုတန် တစ်ရာကျော် လျော့နည်းခဲ့ပါတယ်။ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပရ ဆေးကုန်ကြမ်းအ မျိုးမျိုးကို တရုတ် နိုင်ငံအနေနဲ့ တိုင်းရင်းဆေးဖော်စပ်ရာ မှာလည်းကောင်း၊ သဘာဝမြေသြဇာ ထုတ်လုပ်ရာမှာ လည်းကောင်း၊ ဟင်း ခတ်အမွှေးအကြိုင်ဖော်စပ်ရာမှာလည်း ကောင်း၊ စက်သုံးဆီ (အင်ဂျင်ဝိုင်) အဖြစ်လည်းကောင်း အသုံးပြုကြ တာလို့ သိရပါတယ်။

 

မော်မော်အောင်