မြဝတီကုန်သွယ်ရေးဇုန်မှ ကြက်သွန်နီတင်ပို့

         မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီ နောက်ဆုံး ပတ်တွင် အမေရိကန်ဒေါ်လာ ၂၄၆၆၀ တန်ဖိုးရှိ ကြက်သွန်နီ ၇၅ တန် နီးပါးတင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က တာချီလိတ်မှ တန် ၁၀၀ နဲ့ မြ၀ တီမှ ၅၈ တန်ကျော် တင်ပို့နိုင်ခဲ့လို့ ယခုတစ်ပတ်ကြက်သွန်နီ တင်ပို့မှု တန် ၈၀ ခန့် လျော့နည်းခဲ့တာ တွေ့ရပါတယ်။ ဇန်နဝါရီ တစ်လလုံးမှာ မြဝတီမှ ကြက်သွန်နီ တန် ၂၅၀ ခန့်နဲ့ တာချီလိတ်မှ တန် ၂၀၀ ကျော် တင်ပို့ခဲ့ပါတယ်။ မုံရွာတွင် ဆောင်းကြက်သွန်နီ တစ်ပိဿာကို ကျပ် ၅၀၀ ဖြင့် ပိဿာချိန် တစ်သောင်းကို ကြိုပွိုင့်ဝယ်ယူပြီး ဆောင်းကြက်သွန်နီကို တပေါင်းလဆန်းတွင် တူးဖော် မည်ဖြစ်ကြောင်း၊ လှောင်သမားတွေ ကြက်သွန်နီ ဝယ်လေ့ ရှိတဲ့ မတ်လေ လာက်တွင် ပြည်တွင်းကြက်သွန်နီ ဈေးဟာ တစ်ပိဿာ ကျပ် ၃၀၀ ခန့်ရှိတတ်ကြောင်း၊ ဒါပေမယ့် လှောင်လက်တို့ ထုတ်ရောင်းချိန်မှာ အကြောင်း အမျိုးမျိုးပြပြီး ပြည်ပကြက်သွန်နီ ဈေးထက် ဈေးမြှင့်ပြီး ရောင်းချကြကြောင်း သိရပါ တယ်။

 

မော်မော်အောင်