ဇန်နဝါရီလအတွင်း ဖြစ်ပေါ်ခဲ့သည့် မန္တလေး- မူဆယ် ကုန်စည်သယ်ယူခ

  ၂၀၁၇ ခုနှစ်  ဇန်နဝါရီလအတွင်း မန္တလေး-လားရှိုး-မူဆယ် ကုန်စည် သယ်ယူခနှုန်းထားများမှာ အပတ်စဉ် ကျဆင်းခဲ့သော်လည်း သွင်းကုန်မြေဆီအတွက် အပတ်စဉ် သယ်ယူခများ ပြောင်းလဲမှုမရှိ ကြောင်း တွေ့ရပါတယ်။ တရုတ်နိုင်ငံသို့ ပုံမှန်တင်ပို့တဲ့ အမယ်တွေက တော့ ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရော်ဘာ၊ ရေထွက်ကုန်၊ ကဏန်း၊ ငါးရှဉ့်၊ ဖရဲ၊ သခွား၊ ဆီးသီး၊ ချင်း၊ နနွင်း၊ ဝါဂွမ်း၊Re-Export သကြား အစရှိတဲ့ ကုန်ပစ္စည်းများဖြစ် ပြီး၊ မြန်မာနို င်ငံသို့ ပြန်လည်တင်သွင်းတဲ့ ကုန်ပစ္စည်းများမှာ ဓာတ်မြေသြဇာ၊ ဘိလပ်မြေ၊ အိမ် ဆောက်ပစ္စည်း များ၊ လူသုံး/အိမ်သုံး ပစ္စည်းများ၊ ဆိုင်ကယ်၊ စက်ဘီးနဲ့ စာရေး ကိရိယာမျိုးစုံဖြစ်ပါတယ်။ ရန်ကုန်-မန္တလေး-မူဆယ် လမ်းကြောင်း တွင် လယ်ယာ ထွက်ကုန်ပစ္စည်းနှင့် ရေထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပို့ ကြပေမယ့် တရုတ်နှစ်သစ်ကူးကာလကြောင့် လုပ်ငန်းများ တစ်လ နီးပါးရပ်နားထားတဲ့အတွက် ဖေဖော်ဝါရီလလယ်လောက်မှ ပုံမှန် ပြန်လည် ကုန်သွယ်ကြမှာဖြစ်ကြောင်း၊ တရုတ်ဝယ်လက်များ ကုန်စည် များ ပုံမှန်ပြန်လည်ဝယ်ယူလာပါက သယ်ယူပို့ဆောင်ခဈေးပြန်မြင့် တက်လာနိုင်ကြောင်း မူဆယ်အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းမှ သတင်း ရရှိပါတယ်။ ဇန်နဝါရီလရဲ့ ကုန်စည်သယ်ခများကို အပတ်စဉ်အလိုက် ဖော်ပြ ပေးလိုက်ပါတယ်။

 

မော်မော်အောင်