မြန်မာ-တရုတ်နယ်စပ်လမ်းကြောင်းမှ ရော်ဘာတင်ပို့မှု လျော့ကျသော်လည်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှပိုမို
မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဇန်နဝါရီ ၁၄ ရက်မှ ၂၀ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၂၆၃ သန်းဖိုးရှိ ရော်ဘာအဆင့်စုံ ၂၉၅၉ တန် တင်ပို့ခဲ့ပါတယ်။ မူဆယ်(၁၀၅) မိုင် ကုန်သွယ် ရေးဇုန်မှ RSS1 ၁၀၂ တန်ကျော်၊ RSS3 ၁၇၉၄ တန်ကျော်၊RSS5 ၆၅ တန်၊ MSR 20 ၂၅၆ တန်ခန့်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ RSS3 ၅၀၆ တန် ကျော်၊ MSR 50 ၁၉ တန်ကျော်နဲ့ RSS5 ၂၁၆ တန် တင် ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ် က ေ ရာ်ဘာ ၃၁၈၄ တန်ကျော် တင်ပို့ခဲ့ တဲ့အတွက် ယခုတစ်ပတ်မှာ ၂၂၅ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှ ရော်ဘာပေါက်ဈေးမှာ RSS3 တစ်တန်ကို ကျပ် ၂၁ ဒသမ ၃၄ သိန်း၊ RSS5 တစ်တန်ကို ကျပ် ၂၀ ဒသမ ၃၇၇ သိန်းရှိပြီး ယခင်တစ်ပတ်ထက် တစ်တန်ကို ကျပ် ၁၁၀၀၀ စီ ဈေး တက်ပါတယ်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဇန်နဝါရီ ၁၅ ရက်မှ ၂၁ ရက်အထိ ရက် သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၆၈ သန်းဖိုးရှိ ရော်ဘာ ၁၁၉၆ တန်ခန့်တင် ပို့ခဲ့ရာ မလေးရှားနိုင်ငံသို့ RSS3 တန် ၆၄၀၊ စင် ကာပူနိုင်ငံသို MSR 20( TSR 20) ၁၀၅ တန်၊ ဂျပန်နိုင်ငံသို့ MSR 20 ၄၅၃ တန် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၉၃၆ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၂၆၂ တန် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ ယခုတစ်ပတ်ရဲ့ နိုင်ငံတ ကာ ရော်ဘာဈေးမှာ အတက် အကျအနည်းငယ်သာ ရှိခဲ့တဲ့အတွက် ပြည်ပပို့မယ့် မြန်မာ့ ရော်ဘာဈေးကိုလည်း မပြောင်းလဲဘဲ ယခင် တစ်ပတ်အတိုင်း ဈေးနှုန်းထုတ်ပြန်ခဲ့ကြောင်း သိရှိရပါတယ်။
ယဉ်ယဉ်အေး