မုံရွာကြက်သွန်နီဈေး အနည်းငယ်မြင့်တက်လာပြီး အရောင်းအဝယ်ပုံမှန်ရှိ

        ဒီဇင်ဘာပထမပတ်မှာ မုံရွာပဲရုံ စားဖိုဆောင်သီးနှံ ရောင်းဝယ်ရေးတွင် ကြက် သွန်နီအရောင်းအဝယ်ပုံမှန်လည်ပတ်လျက်ရှိကြောင်းသိရှိရပါတယ်။ယခုတစ်ပတ် ကြက်သွန်နီပွဲရုံဈေးနှုန်းမှာ တစ်ပိဿာ(ကြီး)ကျပ် ၆၀၀၊ (လတ်) ကျပ် ၅၀၀၊ (သေး)ကျပ်၄၀၀ရှိပြီး လက်လီဈေးနှုန်းမှာတစ်ပိဿာ(ကြီး)ကျပ်၁၀၀၀၊(လတ်)၈၀၀၊(သေး) ကျပ် ၆၀၀ နှုန်းပေါက်ပြီး နိုဝင်ဘာလပွဲရုံဈေးနှုန်းမှာ တစ်ပိဿာ(ကြီး)ကျပ် ၁၀၀၀၊ (လတ်) ကျပ်၈၀၀၊ (သေး) ကျပ် ၆၀၀ ဖြစ်ပြီး လက်လီဈေးနှုန်း မှာ တစ်ပိဿာ(ကြီး) ကျပ်၁၃၀၀၊ (လတ်)ကျပ်၁၀၀၀၊ (သေး)ကျပ် ၈၀၀နဲ့အရောင်းအဝယ်ဖြစ်ပြီး ယခု တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ပျမ်းမျှတစ်ပိဿာဈေးနှုန်း၃၀၀ကျော်၄၀၀ခန့်ကျဆင်း သွားကြောင်း သိရပါတယ်။ မုံရွာပွဲရုံများသို့  ကြက်သွန်နီဝင်ရောက်မှုမှာ မုံရွာ၊ယင်းမာပင်မြို့နယ်များမှတစ်ရက် ပိဿာ ၃၀ ဝင်အိတ် ၅၀၀ ခန့် ပုံမှန်အဝင်ရှိနေ ပြီး ရန်ကုန်ဝယ်လက်အဆွဲနှင့် ဒေသတွင်းလက်လီပြန်လည်ရောင်းချသူများနဲ့ တစ် ပတ်လျှင် ပိဿာတစ်သိန်းဝန်းကျင်ခန့် အရောင်းအဝယ်ပုံမှန် ဖြစ်လျက်ရှိကြောင်းသိရှိရပါတယ်။ ယခုတစ်ပတ် ကြက်သွန်ဖြူ ဈေးနှုန်းမှာ(ပွဲရုံ)လက်ကားဈေး (ဗမာ) တစ်ပိဿကျပ် ၅၀၀၀၊ (ကြူကုတ်) ကျပ် ၄၅၀၀၊ လက်လီ ဈေးနှု န်းမှာ တစ် ပိဿာ (ဗမာ) ကျပ် ၅၅၀၀၊ (ကြူကုတ်) ကျပ် ၅၀၀၀ဖြစ်ပြီး ယခင်တစ်ပတ်ထက် ဈေးအနည်းငယ်တက်ပြီး တစ်ရက်အိတ် ၁၅၀ခန့်   အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရှိရပါတယ်။ 

 

ကြည်ကြည်နွယ် (မုံရွာ)