ဧပြီလ ၁ ရက်မှ အောက်တိုဘာလ ၁၄ ရက်အထိ ရော်ဘာစိမ်း တန်လေးသောင်းရှစ်ထောင်ကျော် တင်ပို့

      အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်အထိ ရက်သတ္တပတ်အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၂ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၂၈၁ တန်ခန့် တင်ပို့ခဲ့ရာ ယခင်တစ်ပတ်တင်ပို့မှုထက် ၁၂၂ တန် ပိုမို တင်ပို့ နိုင်ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုများမှာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ RSS 1 ၄ တန်၊RSS 3 ၉၀၅ တန်နီးပါး MSR 20၃၆၆ တန်၊ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ရော်ဘာစေး ၆ တန် တင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ် မူဆယ်ကုန်စည် ဒိုင်ရဲ့ ရော်ဘာဈေးမှာ RSS 3 တစ်တန်ကို ကျပ် ၁၆ ဒသမ ၁၈၂ သိန်းဖြစ်ပြီး ယခင်တစ်ပတ်ဈေးနဲ့ နှိုင်းယှဉ်ပါက တစ်တန် ကို ကျပ် ၃၄၈၀ဝ ကျဆင်းခဲ့ကြောင်းသိရှိရပါ တယ်။ မော်လမြိုင်ဒေသ ရှိ ရော်ဘာဈေးမှာ RSS 3 တစ်တန်ကျပ် ၁၄ ဒသမ ၈၉ သိန်းနဲ့ RSS 5 တစ်တန်ကျပ် ၁၂ ဒသမ ၆၈ သိန်းရှိကြောင်း သိရှိရပါတယ်။ အောက်တိုဘာ ၉ ရက်မှ ၁၅ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုညဒသမ ၇၆၂ သန်းဖိုးရှိ ရော်ဘာ ၅၈၄တန်ကို မလေးရှား၊ ဂျပန်နဲ့ အင်ဒိုနီးရှားနိုင်ငံများသို့ တင်ပို့ခဲ့ပါတယ်။ မလေးရှား နိုင်ငံသို့ RSS 3 ၅၃၉ တန်၊ ဂျပန်နိုင်ငံသို့ MSR 20  ၂၉ တန်၊ အင်ဒိုနီးရှားနိုင်ငံ MSR 10 ၁၆ တန် တင်ပို့ခဲ့ပါတယ်။
        ယခင်တစ်ပတ်တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ယခုတစ်ပတ်မှာ ၅၁၂ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၁၄ ရက်အထိ ရော်ဘာစိမ်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅၆ ဒသမ ၇၅၅ သန်း တန်ဖိုးနဲ့ တန်ချိန် ၄၈၇၉၅ ကျော်ဖြစ်ပါတယ်။ ကာလတူ  တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ၃၉၇၅ တန်ကျော် ပိုမိုတင်ပို့ထားနိုင်ကြောင်း သိရှိရပါတယ်။ ယခုတစ်ပတ်အတွင်း နိုင်ငံတကာရော်ဘာပေါက်ဈေး တစ်တန်လျှင် ဒေါ်လာ၅၀ေ ကျာ်ဈေးတက်လာကြောင်းသိရှိရပါတယ်။ ဒါကြောင့်ပြည်ပတင်ပို့မယ့် မြန်မာ့ရော်ဘာဈေးလည်း တစ်တန်လျှင် ဒေါ်လာ ၅၀ တိုး၍ တင်ပို့သင့်ကြောင်း မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများ အသင်းမှ ဈေးနှုန်းထုတ်ပြန်ခဲ့ ပါတယ်။ မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ထုတ်ပြန်ခဲ့တဲ့ဈေးနှုန်းများကို ဖော်ပြပေးလိုက်ပါတယ်။

 

ယဉ်ယဉ်အေး