ITC ကတ်နဲ့ ကုန်သွယ်ရေး စခန်းများမှ ကျပ်သန်းပေါင်း ၂၀၀၀ ကျော် ကုန်သွယ်ပြီးဖြစ်
တစ်ဦးချင်း ကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (ITC)ဖြင့်ကုန်သွယ်မှုကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ စပြီး တမူး ကုန်သွယ်ရေးစခန်းမှ စတင်၍ ခွင့်ပြုခဲ့ပါတယ်။ ကျန် ကုန်သွယ်ရေး စခန်းများတွင်လည်း ITC ကတ် နဲ့ ကုန်သွယ်မှု ဆောင်ရွက်ခဲ့ရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင် ဘာ ၉ ရက်အထိ ITC ကတ် ၅၅ ကတ်ထုတ်ပေးခဲ့ပါ တယ်။ ကုန်သွယ်ရေးစခန်းများ၌ ITCကတ်ကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် တွင် ၂၉၂ ကတ်၊၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် ၂၆၁ ကတ်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၃၁၅ ကတ် ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၁၄၆ကတ် စုစုပေါင်း ITC ၁၀၇၀ ကတ် ခွင့်ပြု ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်စ ဧပြီလမှ စက်တင်ဘာလ ၉ ရက်အထိ ITC ဖြင့် ကုန်သွယ်မှုမှာ တမူး ကုန်သွယ်ရေး စခန်းမှ ကျပ်သန်းပေါင်း ၃၂၁ ဒသမ ၂၀၅ သန်း၊ မူဆယ် ကုန်သွယ်ရေးဇုန်မှ ကျပ် သန်းပေါင်း၃၀၄ ဒသမ ၈၁၂ သန်း၊ မြဝတီကုန်သွယ်ရေးဇုန်မှ ကျပ် သန်းပေါင်း၂၉၅ ဒသမ ၄၆၈ သန်း၊ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ကျပ်သန်းပေါင်း၃၁၇ ဒသမ ၀၅၇သန်း၊ ကန်ပိုက်တီး ကုန်သွယ်ရေး စခန်းမှ ကျပ် သန်းပေါင်း ၇၆၆ ဒသမ ၄၇၁ သန်း၊ ကော့သောင်း ကုန်သွယ် ရေးစခန်းမှ ကျပ် သန်းပေါင်း ၉၃ ဒသမ ၂၆၃သန်း၊ရိဒ် ကုန် သွယ်ရေးစခန်းမှ ကျပ်သန်းပေါင်း ၂၀၉ ဒသမ ၃၀၄ သန်း၊ မောတောင် ကုန်သွယ်ရေးစခန်းမှ ကျပ်သန်းပေါင်း ၂၄၇ ဒသမ ၅၉၅ သန်း နဲ့ ကျိုင်းတုံ ကုန်သွယ်ရေးစခန်းမှ ကျပ်သန်း ပေါင်း ၈ ဒသမ ၅၈၃ သန်းကုန်သွယ်ပြီး ဖြစ်တယ်လို့ သိရပါ တယ်။ ကျန်စခန်းများဖြစ်တဲ့ လွယ်ဂျယ်၊ စစ်တွေ၊ မောင်တော၊ ချင်းရွှေဟော်၊ မြိတ်၊ ထန်တလန်၊ ထီးခီး၊ မန္တလေး၊ မြစ်ကြီး နား၊ ကျိုင်းလပ်၊ မယ်စဲ့ ကုန်သွယ်ရေးစခန်းအသီးသီးမှာ ယနေ့ထိ ITCကတ်နဲ့ ကုန်သွယ်ဆောင်ရွက်မှု မရှိသေးကြောင်း သတင်း ရရှိပါတယ်။
ခင်မိုးသူ