မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ သွင်းကုန်လိုင်စင် လျှောက်ထားခြင်း

      မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများနှင့် ယင်းဆေးဝါးများ ထုတ်လုပ် ရာ၌ အသုံးပြုသည့် ထိန်းချုပ်ဓါတုပစ္စည်း (၂၆) မျိုး၊ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ (၁၁၅) မျိုး၊ မူးယစ်ဆေးဝါးများ (၁၂၅) မျိုးအား တင်သွင်းခွင့်ပြုရာတွင် ကျန်းမာရေးဝန်ကြီးဌာန ၏ (၇.၃.၂၀၀၃) ရက်စွဲပါ အမိန့် ကြော်ငြာစာ အမှတ်၊ ၁/၂၀၀၃ အရ ကျန်းမာရေးဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထောက်ခံသည့် အရေအတွက်များအတိုင်းသာ တင်သွင်းခွင့်ပြုသည်။

     မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများထုတ်လုပ်ရာ၌ အသုံးပြုသည့် ထိန်းချုပ်ဓါတုပစ0x081စည်းများ (၂၆) မျိုးအား ပြည်ပမှ တင်သွင်းခြင်း ဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များသည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ထောက်ခံချက်ကို ကြိုတင်ရယူရန်နှင့် ယင်းကော်မတီ၏ ထောက်ခံချက် ပူးတွဲတင်ပြ၍ သွင်းကုန်လိုင်စင် လျှောက်ထားရမည်။