လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြေဩဇာကော်မတီ၏ ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ (၂၇) ရက် စာအမှတ်၊ မြေဩဇာ / ၂၀၁၂ (၅၄၅) အရ ခွင့်ပြုထားသည့် ဓါတ်မြေဩဇာ
မှတ်ပုံတင်လိုင်စင်သက်တမ်းများ ကုန်ဆုံးပြီးမှ သက်တမ်းတိုးမြှင့်ခွင့်ပြုရန် လျှောက်ထားလာပါကအောက်ပါ အတိုင်း ဆောင်ရွက်ရန်- (က) မှတ်ပုံတင်၊ လိုင်စင်လက်မှတ်များကို သက်တမ်းကုန်ဆုံးပြီး ရက်ပေါင်း (၃၀) အ တွင်း သက်တမ်းတိုးမြှင့်လျှောက်ထားလာပါက ဒဏ်ကြေးငွေကျပ် (တစ်သောင်း) ပေးဆောင်စေ ရန်။ ( ခ ) မှတ်ပုံတင်၊ လိုင်စင်လက်မှတ်များကို သက်တမ်းကုန်ဆုံးပြီး ရက်ပေါင်း (၆၀) အတွင်း သက်တမ်းတိုးမြှင့်လျှောက်ထားလာပါက ဒဏ်ကြေးငွေကျပ် (နှစ်သောင်း) ပေးဆောင်စေရန်။ ( ဂ ) မှတ်ပုံတင်၊ လိုင်စင်လက်မှတ်များကို သက်တမ်းကုန်ဆုံးပြီး ရက်ပေါင်း (၉၀) အတွင်း မြှင့်လျှောက်ထားလာပါက ဒဏ်ကြေးငွေကျပ် (သုံးသောင်း) ပေးဆောင်စေရန်။ (ဃ) သက်တမ်းကုန်ဆုံးပြီး ရက်ပေါင်း (၉၀) အတွင်း သက်တမ်းတိုးမြှင့်ရန် လျှောက် ထားခြင်းမရှိပါက မှတ်ပုံတင်ထားရှိမှု နှင့်လိုင်စင်ခွင့်ပြုထားရှိမှုသည် အလို အလျောက် ပျက်ပြယ်ပြီးဖြစ်ရန်။ |