Ammonium Nitrate ဓါတ်မြေဩဇာတင်သွင်းခြင်း

(က) မြေဩဇာဥပဒေပုဒ်မ (၄၄) အရ ပြည်တွင်းသို့ မြေဩဇာ တင်သွင်းခွင့်လျှောက်ထား လာပါက ပါမစ် (သို့) လိုင်စင်ထုတ်ပေး ပိုင်ခွင့်ရှိသော အစိုးရဌာနအဖွဲ့အစည်းသည် စိုက်ပျိုးရေးဦးစီးဌာန၏ ထောက်ခံချက်ကို ပူးတွဲတင်ပြနိုင်သူကိုသာ ပါမစ် (သို့) လိုင်စင် ထုတ်ပေးရန် ဖြစ်ပါသည်။

( ခ ) သို့ဖြစ်ပါ၍ Ammonium Nitrate ဓါတ်မြေဩဇာ အပါအဝင် မည်သည့်မြေဩဇာမဆို ပြည်တွင်းသို့ တင်သွင်း လိုပါက မြေဩ ဇာဥပဒေပုဒ်မ (၄၄) နှင့် လုပ်ထုံးလုပ် နည်းများအပိုဒ် (၂၃) အရ ညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေးဦးစီးဌာန၏ ထောက်ခံချက်ကို ရယူရန် လိုအပ်ပါသည်။

( ဂ ) (၆.၆.၂၀၁၂) ရက်နေ့တွင် ပြုလုပ်ခဲ့သော (၁၂) ကြိမ်မြောက် မြေဩဇာကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ချက်အမှတ် (၉) ဖြင့် Ammonium Nitrate တင် သွင်း ခွင့်ကိစ္စနှင့်ပတ်သက်၍ စိုက်ပျိုးရေးသုံး ဓါတ်မြေဩဇာအဖြစ် လျှောက်ထားသော Ammonium Nitrate တင်သွင်းခွင့်ကို ရပ်ဆိုင်းထားရန် ဆုံးဖြတ်ထားရှိပြီး ဖြစ်ပါသည်။

(ဃ) မြေဩဇာဥပဒေပုဒ်မ (၃၅) အရ တားမြစ်ချက်များတွင် မြေဩဇာကို စိုက်ပျိုးရေး လုပ်ငန်းမှအပ အခြားနည်း သုံးစွဲခြင်း မပြုရန် နှင့် ဖောက်ဖျက် ကျူးလွန်ပါက ထောင်ဒဏ် (၁) နှစ်ဖြစ်စေ၊ ငွေဒဏ်ကျပ် (၅၀,၀၀၀) အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ အပြစ်ပေး အရေးယူခံရမည်ဖြစ်ကြောင်း ချမှတ်ထားပြီးဖြစ်ပါသည်။