ထိုင်းနိုင်ငံ၊ တာခ်ခရိုင် စက်မှုကုန်သည်ကြီးများအသင်းမှ မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက်ထောက်ပံ့ရေးပစ္စည်းများလှူဒါန်း
ထိုင်းနိုင်ငံ၊ တာခ်ခရိုင် စက်မှုကုန်သည်ကြီးများအသင်းမှ မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်းပစ္စည်များတင်ဆောင်လာသော ကားတစ်စီးဖြင့် ၉.၈.၂၀၁၅ ရက်နေ့တွင် မြဝတီ ကုန်သွယ်ရေးဇုန်မှ တစ်ဆင့်ဖြတ်သန်းသွားကြောင်း သတင်းရရှိပါသည်။ အဆိုပါပစ္စည်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ဆန် ၄၁၂၅ ကီလိုဂရမ်
( ခ) ခေါက်ဆွဲခြောက် ၁၂၃၁ ဖာ
( ဂ) ဘီစကစ်မုန့် ၅၁၀ ဖာ
(ဃ) နို့ ၄၂၅ ဖာ
( င) ရေ ၂၃၅၀ ဘူး
( စ) အဝတ်အထည် ၅၅၅၀ ထည်
(ဆ) မျှစ်/ ပြောင်းဖူး ၃၀ ဖာ
( ဇ) ငါးသေတ္တာ ၁၅၃ ဖာ
( ဈ) ဆပ်ပြာမှုန့်+ဆပ်ပြာ+ခေါင်းလျှော်ရည် ၈၅ ဖာ
(ည) ဆေးမျိုးစုံ ၁၃၀ ဖာ
( ဋ ) မိန်းကလေးသုံးပစ္စည်း ၈၇ ဖာ
( ဥ ) ခြင်ဆေးခွေ ၄၃ ဖာ
( ဍ ) အသားခြောက် ၁၂၈ ဖာ
( ဎ ) ပုဆိုး ၁၀၀ ထည်
(ဏ) ဆား ၅ အိတ်
(တ) ကော်ဖီမစ် ၈၂ ဖာ
(ထ) မုန့်မျိုးစုံ ၁၂၀ ဖာ
( ဒ ) ဖိနပ် ၁၂၀၀ ရန်
( ဓ ) ပစ္စည်းစုံ ၅၀၀ ထုတ်
( န ) ပလပ်စတစ်ပုံး ၄၀ ပုံး
( ပ ) ဆေးသတ္တာ ၁၅၀ ဘူး