မြဝတီမြို့၊ ဗုဒ္ဓကျေးဇူးဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများလှူဒါန်း
မြဝတီမြို့၊ ဗုဒ္ဓကျေးဇူးဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်းပစ္စည်များတင်ဆောင်လာသောကားတစ်စီးဖြင့် ၇.၈.၂၀၁၅ ရက်နေ့တွင် မြဝတီကုန်သွယ်ရေး ဇုန်မှ တစ်ဆင့်ဖြတ်သန်း၍ ရခိုင်ပြည်နယ်၊ မင်းပြားမြို့သို့ သယ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။ အဆိုပါ ပစ္စည်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) သင်္ကန်း ၁၉၅ စုံ
(ခ ) အမျိုးသားဝတ် ၃၁ ထုတ်
( ဂ) အမျိုးသမီးဝတ် ၆၅ ထုတ်
(ဃ) ကလေးဝတ် ၈ ထုတ်
( င) အမျိုးသား/အမျိုးသမီး ၂၀၉ ထုတ်
( စ) အချိုရည်နှင့်မုန့်မျိုးစုံ ၂၂ ထုတ်
(ဆ) ရေသန့် ၄၂ ကဒ်
( ဇ) မားမား/ကြာဇံ ၃၄၂ ဖာ
(ဈ) စောင်/ခြင်ထောင် ၅ ထုတ်