မြဝတီမြို့၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့် ပြည်သူ များအတွက် ထောက်ပံ့ရေးပစ္စည်းများလှူဒါန်း
မြဝတီမြို့၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့် ပြည်သူ များအတွက် လှူဒါန်းပစ္စည်များတင်ဆောင်လာသောကားတစ်စီးဖြင့် ၇.၈.၂၀၁၅ ရက်နေ့တွင် မြဝတီ ကုန်သွယ်ရေးဇုန်မှ တစ်ဆင့်ဖြတ်သန်း၍ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့သို့ သယ်ဆောင်သွား မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါ ပစ္စည်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) အဝတ်အထည်စုံ၊ စောင်၊ ခြင်ထောင် ၂၄ ထုတ်(ကြီး)
(ခ ) ဒန်အိုး၊ ဒန်ခွက် ၁ ထုတ် (ကြီး)
( ဂ) နို့ဆီ ၄ ဖာ (ကြီး)
(ဃ) ငါးသေတ္တာ ၄ ဖာ (ကြီး)
( င) ငါးသေတ္တာ ၄ ဖာ (သေး)
( စ) လိပ်သည်း၊ သံဗူး ၅၀ ဖာ
(ဆ) မားမား ၁၅ ဖာ (ကြီး)
( ဇ) အထည်စုံ ၂ ထုတ် (သေး)