တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ရေဘေးသင့်ပြည်သူများအတွက် အခြေခံစားသောက်ကုန်ပစ္စည်း များ ကို သင့်တင့်သော ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးစေရန်အတွက် ညှိနှိုင်းအစည်း အဝေး ကျင်းပခြင်း

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ တိုင်းနှင့် ပြည် နယ်အသီးသီးရှိ ရေဘေးသင့်ဒေသများတွင် အခြေခံစားသောက်ကုန်ပစ္စည်းများကို သင့်တင့်သော ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်စေရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၁၅ ခုနှစ်၊ သြဂုတ် (၁၀) ရက်နေ့ နံနက် (၁၀) နာရီတွင် ကုန်သည်စက်မှုအသင်းချုပ် တတိယထပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ ပါသည်။

          အဆိုပါအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်၊ ကုန်သည်စက်မှုအသင်း ချုပ် ဥက္ကဌ ဦးဝင်းအောင်နှင့် ကုန်သည်စက်မှုအသင်းချုပ်နှင့် သက်ဆိုင်ရာ ညီနောင်အသင်းများမှ တာဝန်ရှိသူအသီးသီး တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ရေဘေးသင့်ပြည်သူများ စားဝတ်နေရေးအတွက် အခြေခံ စားသောက်ကုန် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး ၊ ဆက်စပ်လုပ်ငန်းများ ကို လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရေး၊ ပုဂ္ဂလိက ကဏ္ဍများအနေဖြင့် မြန် မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ မြန်မာနိုင်ငံရှိရေဘေးသင့် ဒေသပေါင်း (၁၉) ခုတွင် ဆန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရန် သင့်တင့်မျှတသောဈေးနှုန်းဖြင့် လက်ကားဖြန့်ဝေနိုင်ရေး၊ ဆီ လုပ်ငန်းရှင်များအသင်း ၊ ပဲမျိုးစုံနှင့် နှမ်းကုန် သည်များ အသင်းနှင့် ဆားလုပ်ငန်းရှင်များအသင်းတို့မှ လည်း ပဲ၊ ဆီ၊ ဆား နှင့် အခြေခံစားသောက်ကုန်တို့ကိုလည်း အဆိုပါနေရာများမှတစ်ဆင့် လက်ကား ဖြန့်ဝေသွားရေးတို့နှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

             ထို့အပြင် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများ၊ ပူးပေါင်းကာ ကော်မတီ တစ်ရပ် ဖွဲ့စည်း၍ လက်လီစနစ်ဖြင့် ဝယ်ယူလိုသူများအား ပြန်လည်ဖြန့် ဝေပေးနိုင်ရန် ဆောင်ရွက်သွားနိုင်ရေး၊ ရေဘေးသင့်ဒေသများသို့ ပို့ဆောင်မည့် စားသောက်ကုန်ပစ္စည်းများအား ပင်လယ်ကမ်းရိုးတန်းရေကြောင်းအသင်းနှင့် ကုန်သေတ္တာတင်မော်တော် ယာဉ်အသင်းများမှ ဈေးနှုန်း သက်သာစွာ သယ်ယူပို့ဆောင်နိုင်စေရေးအစီအစဉ်များအား ဆောင်ရွက်သွားနိုင်ရေးတို့ကို ဆွေးနွေးခဲ့ ပါသည်။

             သဘာဝဘေးအန္တရာယ်ကျရောက်နေသော ပြည်နယ်၊ တိုင်းဒေသကြီးများတွင် နိုင်ငံတော် သမ္မတကြီးလမ်းညွှန်ချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအဖွဲ့ ချုပ်၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ ဆန်၊ ဆီနှင့် အခြေခံစားသောက် ကုန်ရောင်းချရေးဆိုင်များ ဖွင့်လှစ်၍ ဈေးနှုန်းမှန်ကန်စွာ ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါ သည်။