စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးဝင်းမြင့် တရုတ်ပြည်သူ့တမ္မတ နိုင်ငံ၊ ယူနန်ပြည်နယ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာချန်းဟောင်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အား လက်ခံတွေ့ဆုံ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် တရုတ်ပြည်သူ့ တမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာချန်းဟောင် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့ အား ၂၀၁၅ ခုနှစ်၊ မေလ ၆ ရက်နေ့ နံနက် ၁၁း၀၀ နာရီ အချိန်တွင် နေပြည် တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲ၌ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြား နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့်ယူနန်ပြည်နယ်အကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး၊ ကုန်စည်ပြပွဲများ ကျင်းပရေး၊ မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းများဖြစ်သည့် ဆန်၊ ပြောင်းနှင့် အခြားလယ်ယာထွက်ကုန်များ လွယ်ကူလျင်မြန်စွာတိုးမြှင့်တင်ပို့နိုင်ရေး၊ ကုန်သည် အသင်းများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ ယူနန်ပြည်နယ်ဈေးကွက်တွင် အလားအလာရှိသည့် ကုန်စည်များဖြစ်သော မြန်မာနိုင်ငံမှေ ရထွက်ကုန်ပစ္စည်းများတင်ပို့ရေးနှင့် နှစ်နိုင်ငံအကြား တရားမဝင် ကုန်စည် ကူးသန်းရောင်းဝယ်မှု ပပျောက်ရေး အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ဲကြသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။