မြန်မာနိုင်ငံတွင် ဓါတ်အားပေးစက်ရုံ စီမံကိန်းဖော်ဆောင်လိုသည့် Korea Int’l Development Cooperation Center နှင့်တွေ့ဆုံ ဆွေးနွေးပြီးစီးမှု အစီရင်ခံစာ

မြန်မာသံရုံး၊ ဆိုးလ်မြို့
စီးပွားရေးသံမှူးက (အခါအားလျော်စွာ) အခြားတင်ပြသည့်သတင်းများ
Korea Development Cooperation Center နှင့်တွေ့ဆုံပြီးစီးမှု အစီရင်ခံစာ

ကုမ္ပဏီ၏ အချက်အလက်များ
၁။    ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် အခြေစိုက်သော Korea International Development Centre (KDIC)* သည် KOICA နှင့်တွဲဖက်ဆောင်ရွက်နေသော ဖွံ့ဖြိုးဆဲနိုင်ငံ များအတွက် Grand Aid များ၊ Loan များအား ဖွံ့ဖြိုးပြီးနိုင်ငံများနှင့်ဆက်သွယ်၍ ရှာဖွေပေးနေသော အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါသည်။ လတ်တလောတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အမေရိကန်၏အကူ အညီဖြင့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတစ်ခု တည်ဆောက်လျှက်ရှိပါသည်။ ထို စက်ရုံကဲ့သို့ မြန်မာနိုင်ငံတွင်လည်း လျှပ်စစ်ဓါတ်အားလိုအပ်ချက်အလိုက် သင့်လျှော်သည့်နေရာ တွင် လျှပ်စစ်ဓါတ်အားပေးစက်ရုံတစ်ခုအား ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက် ပေးလိုသည့် စီမံချက်တစ်ရပ် ရှိနေပါသည်။
- တွေ့ဆုံဆွေးနွေးသည့်အကြောင်းအရာ
၂။    တင်ပြပါ KDIC သည် မြန်မာနိုင်ငံတွင် ကျောက်မီးသွေးသုံးဓါတ်အားပေးစက်ရုံ တစ်ခုတည် ဆောက်ရန် အမေရိကန်မှ ပုဂ္ဂလိက ကူးသန်းရောင်းဝယ်ရေးဘဏ် တစ်ခုဖြစ်သည့် Pittsburgh National Corporation Bank – PNC Bank မှ အတိုးနှုန်း သက်သာသော ချေးငွေဖြင့် ဆောင်ရွက်လိုသည့် အတွက် စီးပွားရေးသံမှူးအား (၁၂-၁-၂၀၁၅) ရက်နေ့၊ ၁၄း၀၀ နာရီချိန်တွင် KDIC ၏ Executive Director for Project & Grand Aid ဖြစ်သူ Mr. Lee Kyung-soo က လာရောက် တွေ့ဆုံ၍ ဖြစ်နိုင်ချေများကို ဆွေးနွေးခဲ့ပါသည်။
- ဆွေးနွေးချက်အပေါ် အရေးယူဆောင်ရွက်ပေးမှု
၃။    စီးပွားရေးသံမှူးက မြန်မာနိုင်ငံ၏ လူဦးရေသည် ၅၂ သန်းနီးပါးဖြစ်၍ နိုင်ငံ၏ဧရိယာ အကျယ်အဝန်းသည် ၆၅၃,၅၁၀ စကွဲယားကီလိုမီတာ ဖြစ်ပါသည်။ သို့သော် GDP သည် ၉၁၅ ဒေါ်လာ သာရှိပြီး၊ တစ်နိုင်ငံလုံး လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်မှုသည် ၃,၀၄၅ မဂ္ဂါဝဂ်သာရှိ နေပါသည်။ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓါတ်အား လိုအပ်ချက်များစွာရှိ နေသဖြင့် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓါတ်အားပေးစက်ရုံတစ်ခု တည်ဆောက်လိုသည့် ရည်ရွယ်ချက် အခြေအနေ အချိန်အခါအလိုက် အလွန်ပင်လျှော်ကန်ကောင်းမွန်သည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း ပမာဏပြောဆို ခဲ့ပါသည်။
၄။    ထို့နောက် စီးပွားရေးသံမှူးက ဆက်လက်၍ အမေရိကန်မှ Grand Aid or Loan များ ရယူ နိုင်သည့် အနေအထားမရှိသေးကြောင်း၊ Grand Aid ပေးနိုင်မည့်အခြေအနေကို မျှော်မှန်း၍
*KDIC – 3th floor (Myungin Bldg, Yangjae-dong) 21, Gangnam-daero 10-gil, Seocho-gu, Seoul 137-897, Korea. Tel: 82 70 4916 5951 Fax: 82 2 529 5853 Email: [email protected]
feasibility study စတင်ထားလိုပါကလည်း အစိုးရမဟုတ်သည့် ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခု ဖြစ်သည့် UMFCCI အောက်ရှိ Myanmar Industrial Association နှင့် ဆက်သွယ်ပြီး စတင်ထားနိုင် ကြောင်း၊ ဆွေးနွေးပြောကြား၍ ယင်း Myanmar Industrial Association နှင့်ဆက်သွယ်နိုင်မည့် လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာများကို ပေးအပ်လိုက်ပါသည်။ ပြီးနောက် ယင်းအဖွဲ့အစည်းနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပါက လုပ်ငန်းတိုးတက်မှုအခြေအနေကို မိမိအား အီးမေးလ်ဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ပြန်လည်သတင်းပေးပို့ အကြောင်းကြားစေလို ပါ ကြောင်း ပြောကြားခဲ့ကြောင်း တင်ပြအပ်ပါသည်။
                                    

 

သန့်ဇင် (စီးပွားရေးသံမှူး)