ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်နှင့်ဒုတိယဝန်ကြီးဒေါက်တာပွင့်ဆန်းတို့ ရုံးလုပ်ငန်းသင်တန်းအမှတ်စဉ် (၁/၂၀၁၄) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ၈-၁၂-၂၀၁၄ မှ ၂၆-၁၂-၂၀၁၄ အထိပို့ချသည့် ရုံးလုပ်ငန်းသင်တန်းအမှတ်စဉ် (၁/၂၀၁၄) သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်၊ ဒုတိယဝန်ကြီးဒေါက်တာပွင့်ဆန်း ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရုံးအဖွဲ့မှူးနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။