စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ကန့်ဘလူမြို့နယ်ရှိဒေသခံ ပြည်သူများနှင့်တွေ့ဆုံ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် ဒီဇင်ဘာလ(၂၁)ရက် နေ့နံနက်ပိုင်း တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မြင့်၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဦးတိုးအောင်မြင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါလျက် တန့်ဆည်မြို့ ရန်အောင်မြင်ဘုရား တွင်ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မွန်းလွှဲပိုင်း တွင် ကန့်ဘလူမြို့နယ်ရှိဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။