Tradenet 2.0 သင်တန်းအမှတ်စဉ်(၄/၂၀၂၂)သို့ တက်ရောက်ခွင့်ရရှိမည့် သင်တန်းသားစာရင်း

ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 အသုံးပြုမှုသင်တန်း အမှတ်စဉ် (၄/၂၀၂၂)တွင် သင်တန်းသားအရည်အချင်းနှင့်ကိုက်ညီသည့် အောက်ပါသင်တန်းသားများ တက်ရောက်နိုင်ပါသည်။ ရွေးချယ်ခံရသော သင်တန်းသားများသည် (၃၀-၈-၂၀၂၂) ရက်နေ့နှင့် (၃၁-၈-၂၀၂၂) ရက်နေ့တို့တွင် KBZ Quick Pay ရှိ Department of Trade တွင် ငွေပေးသွင်းနိုင်ပါရန်နှင့် သင်တန်းကြေးပေးသွင်းရန် ပျက်ကွက်သူများ(သို့မဟုတ်) သတ်မှတ်ရက်ကျော်လွန်ပေးသွင်းသူများအား သင်တန်းသားအဖြစ် လက်ခံမည်မဟုတ်ပါ ကြောင်း အသိပေးကြေငြာအပ်ပါသည်။