ဌာနတွင်း Tradenet 2.0 စနစ်အသုံးပြုမှုသင်တန်းအမှတ်စဉ်( ၂/၂၀၂၂) ဖွင့်လှစ်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ထုတ်ပေးမှုအပါအဝင် ဆက်စပ်ကတ်များ၊ ပို့ကုန်သွင်းကုန်လိုင်စင် ပါမစ်ထုတ်ပေးမှုများအား Tradenet 2.0 အသုံးပြု၍ Online စနစ်ဖြင့် ဝန်ဆောင်မှုပေးလျှက် ရှိရာတွင် ကုန်သွယ်ရေးဦးစီးဌာနရှိ၊ ဝန်ထမ်းများအနေဖြင့် Tradenet 2.0 စနစ်အသုံးပြုရာတွင် သိရှိသင့်သည့်အချက်များ၊ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်တို့အား လျှင်မြန်ချောမွေ့မှန်ကန်မြန်ဆန်စွာ အသုံးပြုနိုင်ရန်အတွက် သင်တန်းကို COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။
ဌာနတွင်း Tradenet 2.0 စနစ်အသုံးပြုမှုသင်တန်းအမှတ်စဉ်(၂/၂၀၂၂)ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ သင်တန်းကာလ (၅)ရက်သတ်မှတ်ထားပြီး ညနေ (၁၆:၀၀) နာရီမှ (၁၈:၀၀)နာရီအထိ ရုံးချုပ်မှ တက်ရောက်သူ သင်တန်းသား (၄၉)ဦး၊ လေ့လာသူ (၃)ဦးတို့ကို Multimedia သင်တန်းခန်းမတွင်လည်းကောင်း၊ ပို့ကုန်သွင်းကုန် ရုံးများနှင့် ကုန်သွယ်ရေးစခန်းများမှ သင်တန်းသား (၂၈)ဦးတို့အား Zoom Online စနစ်ဖြင့် လည်းကောင်း၊ စုစုပေါင်း (၈၀)ဦး တက်ရောက်လျက်ရှိပြီး ကုန်သွယ်ရေးဦးစီးဌာန၊ သတင်းအချက် အလက်နည်းပညာဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးမင်းမင်း က သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ ပါသည်။
သင်တန်းတွင် Tradenet Brief၊ ပသကနှင့်ဆပ်စပ်ကတ်များ၏ မူဝါဒပိုင်းဆိုင်ရာများ၊ ပသကနှင့်ဆက်စပ်ကတ်များ လျှောက်ထား/ခွင့်ပြုမှုစနစ်အသုံးပြုမှု၊ ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ် များ၏ မူဝါဒပိုင်းဆိုင်ရာများ၊ ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ် လျှောက်ထား/ခွင့်ပြုမှု စနစ်အသုံးပြုမှု၊ ကုန်သွယ်မှုဆိုင်ရာ ငွေပေးသွင်းမှု (e-Commerce Pay) ဘာသာရပ်များကို သက်ဆိုင်ရာဌာနခွဲ အသီးသီးမှ သင်တန်းပို့ချသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
ကုန်သွယ်မှုပညာပေးရေးဌာနခွဲ