Thursday Talk ဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ ညီလာခံခန်းမတွင် ၃-၃-၂၀၂၂ ရက်၊ ကြာသပတေးနေ့၊ နံနက်(၀၉:၃၀)အချိန်၌ Thursday Talk  ဆွေးနွေးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

 

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊  ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၂၈) ဦး တက်ရောက်ခဲ့ကြပါသည်။

 

အခမ်းအနားတွင် ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ချိုသက်မူမှ “ အီးယူမှ မြန်မာနိုင်ငံ၏ တင်ပို့ဆန်အပေါ် EBA အရ Safeguard အစီအမံကျင့်သုံးခြင်းကိစ္စနှင့် ထိုင်းနိုင်ငံမှ တင်ပို့သော သကြားများအပေါ် ဗီယက်နမ်နိုင်ငံမှ Antidumping and Countervalling Duty ဆိုင်ရာ နောက်ဆုံး စုံစမ်းစစ်ဆေးမှု ထုတ်ပြန်ချက်များအပေါ် လေ့လာတင်ပြချက်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဝန်ကြီးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးဇေယျာညွန့်ဦးမှ “အပြည်ပြည်ဆိုင် ဥပဒေနှင့် အာဆီယံဥပဒေရေးရာအခြေခံ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ အကြံပြုဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးသိန်းထွန်းဦးမှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါကြောင်းနှင့် ဒုတိယဝန်ကြီးမှ ဆွေးနွေးပြောကြားခဲ့သူများအား အမှတ်တရလက်ဆောာင် ပေးအပ်ချီးမြှင့်ခဲ့ ပါကြောင်း  သတင်းရရှိပါသည်။

 

                                                                                                                                                                    ကုန်သွယ်မှုပညာရေးဌာနခွဲ