Tradenet 2.0 သင်တန်းအမှတ်စဉ်(၁/၂၀၂၂) ဖွင့်လှစ်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ထုတ်ပေးမှုအပါအဝင် ဆက်စပ်ကတ်များ၊ ပို့ကုန်သွင်းကုန်လိုင်စင် ပါမစ်ထုတ်ပေးမှုများအား Tradenet 2.0 အသုံးပြု၍ Online စနစ်ဖြင့် ဝန်ဆောင်မှု ပေးလျှက် ရှိရာတွင် ကုန်သွယ်ရေးဦးစီးဌာနရှိ၊ ဝန်ထမ်းများအနေဖြင့် Tradenet 2.0 စနစ် အသုံးပြုရာတွင် သိရှိသင့်သည့်အချက်များ၊ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်တို့အား လျှင်မြန်ချောမွေ့မှန်ကန်မြန်ဆန်စွာ အသုံးပြုနိုင်ရန်အတွက် သင်တန်းကို COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။

 

Tradenet 2.0 သင်တန်းအမှတ်စဉ်(၁/၂၀၂၂)ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ သင်တန်းကာလ (၂)ရက်သတ်မှတ်ထားပြီး အင်္ဂါနေ့မှ ဗုဒ္ဓဟူးနေ့အထိ ညနေ (၁၆:၀၀) နာရီမှ (၂၀:၀၀)နာရီအထိ ရုံးချုပ်မှ သင်တန်းသား (၃၅)ဦး၊ လေ့လာသူ (၁၀)ဦးတို့ကို ရုံးချုပ် Multimedia သင်တန်းခန်းမတွင်လည်းကောင်း၊ ပို့ကုန်သွင်းကုန်ရုံးများနှင့် ကုန်သွယ်ရေး စခန်းများမှ သင်တန်းသား (၅၂)ဦးနှင့် မူပိုင်ခွင့်ဦးစီးဌာနမှ လေ့လာသူ (၁၉)ဦးတို့အား Zoom Online စနစ်ဖြင့်လည်းကောင်း၊ စုစုပေါင်း (၁၁၆)ဦးတက်ရောက်လျက်ရှိပါသည်။

 

သင်တန်းမှာ Tradenet Brief၊ ပသကနှင့်ဆပ်စပ်ကတ်များ၏ မူဝါဒပိုင်းဆိုင်ရာများ၊  ပသကနှင့်ဆက်စပ်ကတ်များ လျှောက်ထား/ခွင့်ပြုမှုစနစ်အသုံးပြုမှု၊ ပို့ကုန်သွင်းကုန်လိုင်စင် ပါမစ် များ၏ မူဝါဒပိုင်းဆိုင်ရာများ၊ ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်လျှောက်ထား/ခွင့်ပြုမှု စနစ်အသုံးပြုမှု၊ ကုန်သွယ်မှုဆိုင်ရာ ငွေပေးသွင်းမှု (e-Commerce Pay) ဘာသာရပ်များကို သက်ဆိုင်ရာဌာနခွဲ အသီးသီးမှ သင်တန်းပို့ချသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။    

 

 

                                                                                       ကုန်သွယ်မှုပညာပေးရေးဌာနခွဲ