တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ GACC တွင် မှတ်ပုံတင်ပြီးသည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ သတင်းအချက်အလက်များ ဖြန့်ဝေခြင်း

မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စားသောက်ကုန်တင်ပို့မည့် လုပ်ငန်းရှင်များအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်ပြန်ခဲ့သည့် အမိန့်ကြေညာချက်အမှတ် (၂၄၈) နှင့် (၂၄၉) တို့အရ GACC တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့အထိ ၎င်းတို့၏ Website (https://ciferquery.singlewindow.cn)တွင် ဖော်ပြထားသည့် မြန်မာနိုင်ငံ၏ မှတ်ပုံတင်ပြီးသည့် လုပ်ငန်းများစာရင်း (Update) အား Registration Information of Overseas Manufacturers of Imported Food တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။