အိတ်ဖွင့်တင်ဒါပေးသွင်းရန်ဖိတ်ခေါ်ခြင်း
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ရုံးသုံးစက်ကိရိယာများဖြစ်သည့် ICT ဆက်စပ်ပစ္စည်း (၂) မျိုးအား ဝန်ကြီးဌာန၊ တင်ဒါကော်မတီဖြင့် အောက်ဖော်ပြပါ သတ်မှတ် စံချိန်စံညွှန်းနှင့် တင်ဒါစည်းကမ်းချက်များအတိုင်း ဈေးနှုန်းစိစစ် ရွေးချယ်ဝယ်ယူမည်ဖြစ်ပါ၍ စိတ်ပါဝင်စားသူ ကုမ္ပဏီ/အရောင်းဆိုင် များအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ အောက်ဖော်ပြပါပစ္စည်းများကို တင်ဒါပေးသွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်-
စဉ် |
Lot No |
အကြောင်းအရာ |
အရေအတွက် |
---|---|---|---|
(က) |
Lot – 1 |
(၁) Desktop Computer |
5 Sets |
|
|
-Intel Core i7 |
|
|
|
-8GB DDR 4 Memory |
|
|
|
-1 TB HDD |
|
|
|
-Graphics 2GB |
|
|
|
-Monitor 20” |
|
|
|
-UPS 650VA, Keyboard & Mouse |
|
|
|
(၂) Laptop Computer |
1 Nos |
|
|
-intel Core i7 |
|
|
|
-8 GB DDR 4 Memory |
|
|
|
-1 TB HDD |
|
|
|
-HD Graphics |
|
|
|
-Monitor 15.6” |
|
|
|
-Realtek 802.11a/b/g/n/ac Wi-Fi |
|
၂။ တင်ဒါတင်သွင်းမည့်သူများသည် အောက်ဖော်ပြပါစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်-
(က) တင်ဒါအဆိုပြုလွှာများကို ဝန်ကြီးဌာန တင်ဒါကော်မတီဝင်များ ရှေ့မှောက်ရှိ တင်ဒါပုံး တွင် ထည့်သွင်းယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။
( ခ ) တင်ဒါယှဉ်ပြိုင်သူများသည် ဝင်ရောက်ယှဉ်ပြိုင်မည့် တင်ဒါစပေါ်ငွေအား မြန်မာ့ စီးပွားရေးဘဏ်(နေပြည်တော်)တွင် (P.O Cheque)ဖြင့် ပေးသွင်းရမည်ဖြစ်ပြီး တင်ဒါ အောင်မြင်ခြင်းမရှိသော ကုမ္ပဏီ/အရောင်းဆိုင်များ၏ တင်ဒါစပေါ်ငွေအား (၇)ရက် အတွင်း ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။
( ဂ ) ဝန်ကြီးဌာန၊ တင်ဒါကော်မတီမှ ရွေးချယ်သူထံမှသာ သတ်မှတ်ချက်များနှင့်အညီ ဝယ်ယူမည်။
(ဃ) ဝန်ကြီးဌာန၊ တင်ဒါကော်မတီဝင်များရှေ့မှောက်တွင် တင်ဒါယှဉ်ပြိုင်မည့်ကုမ္ပဏီမှ Lot အလိုက်တင်သွင်းမည့် ICT ဆက်စပ်ပစ္စည်းများ၏ အမျိုးအစားအလိုက် အသေးစိတ်ရှင်းလင်းတင်ပြရမည်ဖြစ်ပြီး တင်ဒါပွဲလာရောက်သူသည် လုပ်ငန်းရှင် ကိုယ်တိုင်(သို့မဟုတ်) ကုမ္ပဏီမှ တာဝန်ခံနိုင်သည့် အထွေထွေကိုယ်စားလှယ် လွှဲအပ်ခြင်း တရားဝင်စာ ပူးတွဲတင်ပြနိုင်မည့် ကိုယ်စားလှယ်ဖြစ်ရမည်။
( င ) အဆိုပြုလွှာတွင် ဖော်ပြထားသော ဈေးနှုန်းတန်ဘိုးမှာ မြန်မာကျပ်ငွေဖြစ်ရမည်။
( စ ) ပေးသွင်းမည့်လုပ်ငန်းတွင် အသုံးပြုမည့်ကုန်ပစ္စည်း၏ Specification မှာ ဌာနမှ ရွေးချယ်သတ်မှတ်ထားသည့် ကုန်ပစ္စည်းအမှတ်တံဆိပ် အရည်အသွေးအတိုင်း နှင့်ထုတ်လုပ်သည့်နိုင်ငံ (C/O) အတိုင်းဖြစ်ရမည်။ ပေးသွင်းရမည့် ပစ္စည်းများအား ရုံးအမှတ်(၃)၊ နေပြည်တော်အရောက်ပို့ဆောင်ပေးရမည်။ ပစ္စည်းများ၏ Specification သည် ဌာနမှရွေးချယ်သတ်မှတ်ထားသည့် Specification အတိုင်း ဖြစ်ရမည်။
(ဆ) ရွေးချယ်ခံရပါက လုပ်ငန်းရွေးချယ်ခြင်းအတွက် ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးသွင်းရမည့် ပင်ရင်းမှဖြတ်တောက်ခွန်(၂%)ဖြတ်တောက်၍ ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ ပေးသွင်းရန်နှင့် ကုန်သွယ်လုပ်ငန်းခွန် (၅%) ပေးသွင်းရန် သဘောတူ ရမည်။
( ဇ ) တင်ဒါတင်သွင်းလိုသူများသည် တင်ဒါပုံစံများကို တစ်စောင်လျှင် ကျပ် ၅၀၀ဝိ/-နှုန်း ဖြင့် ဝန်ကြီးရုံး၊ e-Government ဌာနခွဲတွင် ဝယ်ယူရမည်ဖြစ်ပါသည်။
( ဈ ) တင်ဒါပုံစံများတင်သွင်းရာတွင် ICT ဆက်စပ်ပစ္စည်း(၈)မျိုး၏ သတ်မှတ်အရည် အသွေး ၊ စံချိန်စံညွှန်းနှင့် တန်ဘိုးတို့ကို ပြည့်စုံစွာရေးသား ဖော်ပြရမည်။
၃။ သို့ဖြစ်ပါ၍ ဝန်ကြီးရုံး၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ICT ဆက်စပ်ပစ္စည်း (၈)မျိုးအား ဝန်ကြီးဌာန၊ တင်ဒါကော်မတီဖြင့် စိစစ်ဝယ်ယူသွားမည် ဖြစ်ပါ၍ တင်ဒါ လာရောက်ယှဉ်ပြိုင်ပေးသွင်းပါရန် ဖိတ်ခေါ်အပ်ပါသည်။
တင်ဒါပုံစံရောင်းချသည့်နေ့ - ( ၁၂-၁-၂၀၂၂ မှ ၂၅ -၁ -၂၀၂၂ ရက်နေ့ထိ )
တင်ဒါကော်မတီဖြင့်
ဈေးနှုန်းစိစစ်မည့်ရက် - (သီးခြားထပ်မံအကြောင်းကြားပါမည်)
ကျင်းပမည့်နေရာ - တိုးချဲ့အစည်းအဝေးခန်းမ၊
- စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊
ရုံးအမှတ်(၃)၊ နေပြည်တော်
ဆက်သွယ်ရန်ဖုန်း - ၀၆၇-၄၀၈၅၁၈