ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေး ရက်တိုသင်တန်း အမှတ်စဉ် (၂/၂၀၂၁) ဖွင့်လှစ်

ကုန်သွယ်ရေးဦးစီးဌာနမှ ကုန်သွယ်ရေးစခန်းများ၊ ပို့ကုန်သွင်းကုန်ရုံး (ကျိုင်းတုံ၊ မြစ်ကြီးနား) တို့သို့ သွားရောက် တာဝန်ထမ်းဆောင်မည့် အရာထမ်း၊ အမှုထမ်းများအား လုပ်ငန်းများ လျင်မြန် ချောမွေ့စေရေးနှင့် ကုန်သွယ်ရေးစခန်းများ၏ ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများကို သိရှိစေရန် ရည်ရွယ်ပြီး ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေးရက်တိုသင်တန်း အမှတ်စဉ် (၂/၂၀၂၁)ကို (၂၂-၁၂-၂၀၂၁)နေ့မှစ၍ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲဘေးရှိ၊ သင်တန်းခန်းမမှာ COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ စည်းကမ်းချက်များနှင့် အညီ ဖွင့်လှစ်သင်ကြားလျက်ရှိပါတယ်။

 

သင်တန်းကာလကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ (၂)ရက် သတ်မှတ်ထားပြီး၊ ဗုဒ္ဓဟူးနေ့မှ ကြာသပတေးနေ့အထိ နေ့စဉ်နံနက် (၁၀:၀၀)နာရီမှ ညနေ(၁၆:၀၅) နာရီအထိ (၆)ချိန် ပို့ချသွားမည်ဖြစ်ပြီး ဌာနခွဲအသီးသီးမှ သင်တန်းသား အရာထမ်း၊ အမှုထမ်း (၃၀)ဦး တက်ရောက်လျက်ရှိပါတယ်။ သင်တန်းမှာ ငွေစာရင်းဌာနခွဲ၊ စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲ၊ ကုန်သွယ်မှုမူဝါဒဌာနခွဲ၊ ဌာနတွင်းလုပ်ငန်းနှင့်စာရင်းစစ်ဆေးရေးဌာနခွဲ၊ နယ်စခန်းများညှိနှိုင်းကွပ်ကဲရေးဌာနခွဲတို့မှ သက်ဆိုင်ရာ ဘာသာရပ်များအား သင်ကြားပို့ချသွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

 

                                                                                                                                              ကုန်သွယ်မှုပညာပေးရေးဌာနခွဲ