ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများအား ပြည်ပမှ တင်သွင်းနိုင်ရေး ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများကို အများပြည်သူရုံးပိတ်ရက်များတွင်လေကြောင်း၊ ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၁-၉-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊  လွယ်ဂျယ် နှင့် မြဝတီကုန်သွယ်ရေးစခန်း (၄)ခု တို့မှ တင်သွင်းရာ၌ကုမ္ပဏီ (၁၃)ခု မှ ယာဉ်စီးရေ(၁၉)စီး ဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် (၂)စီးဖြင့် (၄၀) တန်၊ အောက်ဆီဂျင်(အရည်)အိုးဖြင့် (၇၇)တန်၊ Storage Container  (၁)ခု ၊ အောက်ဆီဂျင်(အိုးခွံ) (၇၂၆၉)ခု၊ အိမ်သုံး Oxygen Concentrator(၃၁၇)ခု၊ Test Kit (၁၂၀၀)ခု၊ PPE (၃၈၇၇) စုံ နှင့်နှာခေါင်းစည်း(Mask) (၄၁) တန် တင်သွင်းခဲ့ပါသည်။ အောက်ဆီဂျင် အရည်(Bowser) ယာဉ်(၂)စီးမှာ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရှိရပါသည်။

 

ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOPများနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေးစီစဉ်ဆောင်ရွက်ပေးထားပါကြောင်းသိရှိရပါသည်။