ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများအား အချိန်နှင့်တပြေးညီ တင်သွင်းခွင့်ပြုပေးလျက်ရှိ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများကို အများပြည်သူရုံးပိတ်ရက်များတွင်လေကြောင်း၊ ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၃၀-၈-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီနှင့် တာချီလိတ်ကုန်သွယ်ရေးစခန်း (၄)ခုတို့မှ တင်သွင်းရာ၌ကုမ္ပဏီ (၁၈)ခုမှ ယာဉ်စီးရေ(၂၈)စီးဖြင့် အောက်ဆီဂျင်(အရည်) Bowserယာဉ် (၃)စီးဖြင့် (၅၉) တန်၊ အောက်ဆီဂျင်(အရည်)အိုးဖြင့် (၄)တန်၊ အောက်ဆီဂျင်(အိုးခွံ) (၄၉၀၀)ခု၊ အောက်ဆီဂျင်Plant(၆)ခု၊ Oxygen Generator (၁) ခု၊ အိမ်သုံး Oxygen Concentrator(၃၈၈)ခု၊ Test Kit (၃၀၀၀)ခု၊ PPE(၂၅၀၀)ခု နှင့်နှာခေါင်းစည်း(Mask) (၁၃) တန်တင်သွင်းခဲ့ပါသည်။ အောက်ဆီဂျင် အရည်(Bowser)ယာဉ်(၃)စီးမှာ ရန်ကုန်မြို့သို့ဖြစ်ပြီး Oxygen Plant(၆)ခုမှာ ရန်ကုန်မြို့သို့ (၅)ခုနှင့် မော်လမြိုင်မြို့သို့ (၁)ခုဖြစ်ကြောင်း သိရှိရပါသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOPများနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေးစီစဉ်ဆောင်ရွက်ပေးထားပါကြောင်းသိရှိရပါသည်။