ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများအား ပြည်ပမှ တင်သွင်းနိုင်ရေး နှောင့်နှေးကြန့်ကြာမှုမရှိစေရေး ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ

လတ်တလောတွင် နိုင်ငံတစ်ဝှမ်းလုံးတွင် Covid-19 ရောဂါတတိယလှိုင်း ကူးစက်ဖြစ်ပွားမှု များ ဖြစ်ပေါ်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အောက်ဆီဂျင်၊ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများအရေးပေါ် လိုအပ်မှုမှာလည်း မြင့်တက်လျက်ရှိပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အဆိုပါပစ္စည်းများကို အပြည်ပြည်ဆိုင် ရာလေဆိပ်၊ ပင်လယ်ရေကြောင်းဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေး ကြန့်ကြာမှုမရှိပဲ လွယ်ကူလျင်မြန်စွာတင်သွင်းနိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ထိထိ ရောက်ရောက်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ တာဝန်ရှိသူများ ညှိနှိုင်းထားသည့် SOP များနှင့်အညီ လွယ်ကူမြန်ဆန် နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

ပြည်သူများ အရေးပေါ်လိုအပ်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာပစ္စည်းများအား ပြည်ပမှတင်သွင်းမှုကို အများပြည်သူရုံးပိတ်ရက်များတွင်လည်း ရပ်ဆိုင်း ထားခြင်းမရှိပဲ ပုံမှန်အတိုင်း လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ၁၀-၈-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၆၃၄၃)ခု ၊ အောက်စီဂျင်(အိုးခွံ) (၃၀) ခု၊ Test Kit (၁၄၀၀) ခု၊ PPE (၁၀၀၀) စုံနှင့် နှာခေါင်းစီး (Mask) (၁၄) တန် ၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းမှ  အောက်စီဂျင်အရည်(အိုးဖြင့်) (၉)တန် အပါအဝင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ ၊ မြဝတီ ၊ တာချီလိတ် ကုန်သွယ်ရေးစခန်းများမှ အောက်စီဂျင်အရည် (Bowser) ယာဉ် (၂) စီးဖြင့် (၃၈)တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်) (၄၁)တန်၊ အောက်စီဂျင်(အိုးခွံ) (၈၈၉၄)ခု၊ Oxygen Plant (၈)ခု၊ အိမ်သုံးအောက်စီဂျင် စက်(Oxygen Concentrator) (၇၄၉၅) ခု၊ Test Kit (၁၄၀၀) ခု၊ PPE (၂၀၆၀၀)စုံ ၊ လက်အိတ် (၁၀)တန် နှင့် နှာခေါင်းစီး (Mask) (၇၅) တန် တင်သွင်းနိုင်ခဲ့ပါသည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ(၃၉)ခုမှ ယာဉ်စီးရေ (၆၁)စီးဖြင့် တင်သွင်းလာခြင်းဖြစ်ပါသည်။

 

သြဂုတ်လအတွင်း ယာဉ်စီးရေ (၅၉၉)စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၅၅၅) တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်)(၁၄၉)တန်၊အောက်စီဂျင်ဓာတ်ငွေ့အိုးဖြင့်(၆၅)တန်၊အောက်ဆီဂျင် (အိုးခွံ) (၇၁၁၀၆) ခု၊ Oxygen Plant (၁၅) ခု၊အောက်ဆီဂျင်(Generator) (၉)ခု၊အိမ်သုံး အောက်စီ ဂျင်စက်(Oxygen Concentrator) (၅၈၇၇၀)ခု၊ Test Kit (၁၄၃၀၄၂)ခု၊ PPE (၃၂၅၈၉၂)စုံ၊ လက်အိတ် (၅၀) တန်နှင့် နှာခေါင်းစီး (Mask) (၈၀၁) တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။

 

ဇူလိုင်လအတွင်း ယာဉ်စီးရေ(၇၄၉)စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၇၂၇) တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်) (၅၆၇) တန်၊ အောက်စီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၁၁၄) တန်၊ အောက်စီဂျင်(အိုးခွံ) (၄၀၄၉၁)ခု၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) (၆၉၁၄၆)ခု၊ Oxygen Plant (၈) ခု၊ Oxygen Generator (၁၁) ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် (၄)ခု၊ Test Kit (၃၂၂၈၇၈) ခု၊ နှာခေါင်းစီး (Mask) (၁၁၀၄) တန် ၊ PPE (၁၈၂၉၇၅)စုံ တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်ပါ သည်။

 

၂၀၂၁ ခုနှစ် ဇူလိုင်လမှ သြဂုတ်လ(၁၀)ရက်နေ့ထိ ပြည်ပမှ တင်သွင်းလာသည့် အောက်စီဂျင် အရည် (Bowser) ယာဉ် စုစုပေါင်း (၆၁ ) စီး မှာ ရန်ကုန်မြို့သို့ (၄၅ ) စီး ၊ မန္တလေးမြို့သို့ ( ၁၁ ) စီး ၊ ပဲခူးမြို့ သို့ (၂)စီး ၊ မော်လမြိုင်မြို့ သို့ (၂)စီး ၊ သထုံမြို့ သို့ (၁)စီး ဖြစ်ကြောင်း သိရှိရပါ သည်။ Oxygen Plant စုစုပေါင်း (၂၃ ) ခု မှာ ရန်ကုန်မြို့သို့ (၄ ) ခု ၊ လားရှိုး (၄) ခု ၊ ပဲခူးမြို့ သို့ (၃) ခု ၊ ပခုက္ကူ (၂) ခု ၊ မန္တလေးမြို့၊ တောင်ကြီး ၊ သံဖြူဇရပ် ၊ မကွေး ၊ ဘားအံ ၊ ထားဝယ်၊ ဝါးခယ်မ ၊ မြစ်သား ၊ ကျောက်ပန်းတောင်း မြို့များ သို့ (၁) ခုစီ ဖြစ်ကြောင်း သိရှိရပါ သည်။

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာ ကွယ်ကုသရေးပစ္စည်းများတင်သွင်းရာတွင် လွယ်ကူမြန်ဆန်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာ ကုန်သွယ်ရေး စခန်းများမှ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားပါ ကြောင်း သိရှိရပါသည်။