အိတ်ဖွင့်တင်ဒါပေးသွင်းရန်ဖိတ်ခေါ်ခြင်း

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ နေပြည်တော် တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်း(မူလ)ခွင့်ပြုချက်ပါ Software Application ရေးဆွဲခြင်း လုပ်ငန်း (၁) မျိုးအား ဝန်ကြီးဌာန၊ တင်ဒါကော်မတီဖြင့် အောက်ဖော်ပြပါ သတ်မှတ်စံချိန်စံညွှန်းနှင့် တင်ဒါစည်းကမ်းချက်များအတိုင်း ဈေးနှုန်းစိစစ်ရွေးချယ်ဝယ်ယူမည် ဖြစ်ပါ၍စိတ်ပါဝင်စားသူ ကုမ္ပဏီ/ အရောင်းဆိုင်များအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ အောက်ဖော်ပြပါပစ္စည်းများကို တင်ဒါပေးသွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်-

Lot No

DESCRIPTION OF EQUIPMENT

QTY

2

Software Development

-Data Migration for all License with OGA department for registration data

 

1 No

၂။            တင်ဒါတင်သွင်းမည့်သူများသည် အောက်ဖော်ပြပါစည်းကမ်းချက်များကို လိုက်နာဆောင် ရွက်ရမည် ဖြစ်ပါသည်-

              (က)    တင်ဒါအဆိုပြုလွှာများကို ဝန်ကြီးဌာန တင်ဒါကော်မတီဝင်များ ရှေ့မှောက်ရှိ တင်ဒါပုံးတွင် ထည့်သွင်းယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

              ( ခ )   တင်ဒါယှဉ်ပြိုင်သူများသည် ဝင်ရောက်ယှဉ်ပြိုင်မည့် တင်ဒါစပေါ်ငွေအား မြန်မာ့ စီးပွားရေးဘဏ်(နေပြည်တော်)တွင် (P.O Cheque) ဖြင့် ပေးသွင်းရမည်ဖြစ်ပြီး တင်ဒါအောင်မြင်ခြင်းမရှိသော ကုမ္ပဏီ/အရောင်းဆိုင်များ၏ တင်ဒါစပေါ်ငွေအား (၇) ရက် အတွင်း ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။

              ( ဂ )   ဝန်ကြီးဌာန၊ တင်ဒါကော်မတီမှ ရွေးချယ်သူထံမှသာ သတ်မှတ်ချက်များနှင့်အညီ ဝယ်ယူမည်။

             (ဃ)     ဝန်ကြီးဌာန၊ တင်ဒါကော်မတီဝင်များရှေ့မှောက်တွင် တင်ဒါယှဉ်ပြိုင်မည့်ကုမ္ပဏီ မှ Lot အလိုက်တင်သွင်းမည့် Software (၁) မျိုးအား လုပ်ငန်းအမျိုးအစား အလိုက် အသေးစိတ် ရှင်းလင်းတင်ပြရမည်ဖြစ်ပြီး တင်ဒါပွဲလာရောက်သူသည် လုပ်ငန်းရှင်ကိုယ်တိုင် (သို့မဟုတ်) ကုမ္ပဏီမှ တာဝန်ခံနိုင်သည့် အထွေထွေ ကိုယ်စားလှယ်လွှဲအပ်ခြင်း တရားဝင်စာပူးတွဲတင်ပြနိုင်သည့် ကိုယ်စားလှယ် ဖြစ်ရမည်။

             ( င )    အဆိုပြုလွှာတွင် ဖော်ပြထားသော ဈေးနှုန်းတန်ဘိုးမှာ မြန်မာကျပ်ငွေဖြစ်ရမည်။

             ( စ )    ပေးသွင်းမည့်လုပ်ငန်းတွင် အသုံးပြုမည့် Software (၁) မျိုး၏ Specification များမှာ ဌာနမှရွေးချယ်သတ်မှတ်ထားသည့် Specification အတိုင်း ဖြစ်ရမည်။

             (ဆ)     တင်ဒါကော်မတီ၏ ဆုံးဖြတ်ချက်ရရှိမှသာ တင်ဒါအောင်မြင်မှု/ မအောင်မြင်မှုကို ကြော်ငြာမည်ဖြစ်ပြီး၊ ဌာနတွင်ပေးသွင်းထားသော တင်ဒါအောင်မြင်သူများ၏ စပေါ်ငွေများအား လုပ်ငန်းပြီးမြောက်မှုအာမခံ Performance Guarantee ပေးသွင်းပြီးမှသာ ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။ လုပ်ငန်းရွေးချယ်ခြင်း အတွက် ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးသွင်းရမည့် ပင်ရင်းမှဖြတ်တောက် ခွန် (၂%) ဖြတ်တောက်၍ ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးသွင်းရန်နှင့် ကုန်သွယ်လုပ်ငန်းခွန် (၅%) ပေးသွင်းရန် သဘောတူရမည်။

             ( ဇ )    တင်ဒါတင်သွင်းလိုသူများသည် တင်ဒါပုံစံများကို တစ်စောင်လျှင် ကျပ် ၅၀၀ဝိ/-နှုန်းဖြင့် ကုန်သွယ်ရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာဌာနခွဲတွင် ဝယ်ယူရမည်ဖြစ်ပါသည်။

             ( ဈ )    တင်ဒါပုံစံများတင်သွင်းရာတွင် Software (၁) မျိုး၏ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းနှင့် တန်ဘိုးတို့ကို ပြည့်စုံစွာရေးသားဖော်ပြရမည်။

၃။           သို့ဖြစ်ပါ၍ ကုန်သွယ်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း(မူလ)ခွင့်ပြု ရန်ပုံငွေဖြင့် Software (၁) မျိုးအား ဝန်ကြီးဌာန၊ တင်ဒါကော်မတီဖြင့် စိစစ်ဝယ်ယူသွားမည် ဖြစ်ပါ၍ တင်ဒါလာရောက်ယှဉ်ပြိုင်ပေးသွင်းပါရန် ဖိတ်ခေါ်အပ်ပါသည်။

              တင်ဒါပုံစံရောင်းချသည့်နေ့  -   (  ၃၁ - ၃ -၂၀၂၁ ရက်နေ့မှ   ၂၀-၄ -၂၀၂၁  ရက်နေ့ထိ )

              တင်ဒါကော်မတီဖြင့်               

              ဈေးနှုန်းစိစစ်မည့်ရက်         -   (သီးခြားထပ်မံအကြောင်းကြားပါမည်)

              ကျင်းပမည့်နေရာ               -   ရုံးအမှတ်(၃)၊တိုးချဲ့အစည်းအဝေးခန်းမ၊ စီးပွား/ကူးသန်း

              ဆက်သွယ်ရန်ဖုန်း              -   ၀၆၇-၄၀၈၀၁၀