အိတ်ဖွင့်တင်ဒါယှဉ်ပြိုင်မည့်ရက်အား ကြေငြာခြင်း
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနပိုင် ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်း၊ အမှတ်(၂၄၀)ရှိ သိုလှောင်ရုံအမှတ် (၁ ၊ ၂ ၊ ၃ ၊ ၄) အဆောက်အဦ (မြေမပါ)တို့အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ထုခွဲရောင်းချနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေငြာအပ်ပါသည်-
(က) တင်ဒါစည်းကမ်းချက် ရှင်းလင်းမည့် - (၁၈-၃-၂၀၂၁) ရက်နေ့ ၊ (၁၂:၀၀)နာရီ
နေ့ရက်/ အချိန်
( ခ ) တင်ဒါတင်သွင်းဖွင့်ဖောက်မည့် - (၁၈-၃-၂၀၂၁)ရက်နေ့ ၊ (၁၃:၀၀)နာရီ
နေ့ရက် /အချိန်/နေရာ - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာန၊ ရုံးအမှတ်(၃) ၊ နေပြည်တော်
၂။ တင်ဒါဖွင့်ဖောက်မည့်နေ့တွင် တင်ဒါတင်သွင်းသူကိုယ်တိုင် ဝန်ကြီးဌာန၊ တင်ဒါကော်မတီ၏ ရှေ့မှောက်၌ အဆိုပြုလွှာတင်ဒါပုံးတွင် ထည့်သွင်းယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။
တင်ဒါစိစစ်ရေးအဖွဲ့