အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင် ရန်ကုန် တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အောက်ဖေါ်ပြပါ ငှားရမ်းခြင်းများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ငှားရမ်းမည် ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်-
(က) (၅)နှစ်သက်တမ်း ငှားရမ်းခြင်းများ
Lot- 1 (၁) ချမ်းမြသာစည်မြို့နယ်၊ မြို့ဟောင်းရပ်ရှိ သိုရုံ-၇ သိုလှောင်ရုံ (၁)လုံး (၁၅၀'x၆၀'x၂၀') (သွပ်၊ သွပ်၊ ကွန်)
Lot-2 (၂) မရမ်းကုန်းမြို့နယ်၊ နာဂသိုလှောင်ရုံဝင်းရှိ သိုရုံ-၅၆ သိုလှောင်ရုံ(၁)လုံး (၉၀'x၃၀'x၁၅') (သွပ်၊ သွပ်၊ ကွန်)
( ခ ) (၃)နှစ်သက်တမ်း ငှားရမ်းခြင်းများ
Lot- 3 မင်္ဂလာတောင်ညွန့်မြို့နယ်၊ (၀၂)ဆန်စက်ဝင်းအတွင်းရှိ ပိုလန်သိုလှောင်ရုံအမှတ်(၃) (၈၀' x ၃၇' x ၁၂') (အုတ်ကြွပ် x အုတ်ကြွပ် x ကွန်)
( ဂ ) (၁)နှစ်သက်တမ်း ငှားရမ်းခြင်းများ
Lot- 4 (၁) အလုံမြို့နယ်၊ မော်တော်ယာဉ်ဝင်းရှိ စတိုအဆောက်အဦ (၁)လုံး (၁၂၀'x၈၀')
Lot-5 (၂) အလုံမြို့နယ်၊ မော်တော်ယာဉ်ဝင်းရှိ (၂)ထပ်ရုံး(၁)ရုံး(၄၅'x၁၄')၊ ယာဉ်ရပ်နားရုံ (၁)ရုံ (၇၇'x၇၂')၊ စက်ပစ္စည်းသိုရုံ(၁)ရုံ (၆၁'x၃၁')၊ ယာဉ်ပြင်အလုပ်ရုံ(၁)ရုံ (၇၁'x၈၇')နှင့် မြေကွက်လွတ်ဧရိယာ(၆၅၇)စတုရန်းမီတာ
(ဃ) တင်ဒါပုံစံရောင်းချမည့်ရက် - (၂၃.၂.၂၀၂၁) ရက်မှ ( ၂၂.၃.၂၀၂၁)ရက်ထိ
(ရုံးချိန်အတွင်း)
(င) တင်ဒါပုံစံရောင်းချရန် - (၂၂.၃.၂၀၂၁)ရက် ညနေ(၁၆:၀၀)နာရီ
ပိတ်မည့်နေ့/အချိန်
( စ ) တင်ဒါယှဉ်ပြိုင်ရမည့်ရက်/အချိန်- (၂၄.၃.၂၀၂၁)ရက်နေ့၊ (၁၃:၀၀)နာရီ
(ဆ) တင်ဒါတင်သွင်းရမည့်နေရာ - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ရုံးအမှတ်(၃)၊ နေပြည်တော်။
(ဇ) စာရင်းပေးသွင်းရမည့်နေရာ - ရုံးအမှတ်(၅၂)၊ နေပြည်တော်
(စျ) တင်ဒါစည်းကမ်းချက်များ - (၂၄.၃.၂၀၂၁)ရက်နေ့ (၁၁:၀၀)နာရီ
ရှင်းလင်းမည့်နေ့/အချိန်/နေရာ ရုံးအမှတ်(၅၂)၊ နေပြည်တော်
(ည)တင်ဒါပုံစံရောင်းချမည့်နေရာ - စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ရုံး၊ စီမံရေးရာဌာနခွဲ၊ အမှတ်(၂၂၈/၂၄၀)၊
ဒုတိယထပ်၊ ကမ်းနားလမ်းနှင့် ရွှေဘုံသာလမ်း
ထောင့်၊ ရန်ကုန်မြို့၊
တိုင်းဒေသကြီးဦးစီးမှူးရုံး၊ မန္တလေးမြို့။
(ဋ) Deposit ပေးသွင်းနိုင်သည့် - တင်ဒါစည်းကမ်း သတ်မှတ်ချက် ပုံစံတွင် ဖော်ပြထားပြီး ဖြစ်ပါသည်။
၂။ စားသုံးသူရေးရာဦးစီးဌာနမှ ငှားရမ်းမည့် ငှားရမ်းခြင်း(၅)ခုတို့၏ မျက်မြင်အခြေအနေအား သက်ဆိုင်ရာမြို့နယ်များသို့ သွားရောက်ကြည့်ရှု့နိုင်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံဝယ်ယူရမည့်နေရာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ၀၁-၂၅၀၄၃၂၊ ၀၂-၄၀၃၆၃၃၈ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
တင်ဒါစိစစ်ရေးကော်မတီ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန