Tradenet 2.0 စနစ်အသုံးပြုမှုသင်တန်း (၁/၂၀၂၁) အား Virtual Online စနစ်ဖြင့် ဖွင့်လှစ်မည်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ဖွင့်လှစ်မည့် ကုန်သွယ်မှု ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများကို အွန်လိုင်းစနစ်ဖြင့်အပြည့်အဝအသုံးပြုနိုင်သည့် Tradenet 2.0 စနစ် အသုံးပြုမှုနှင့် ကုန်သွယ်မှုနှင့်သက်ဆိုင်သည့်အောက်ပါဘာသာရပ်များကို အွန်လိုင်းစနစ်ဖြင် အခမဲ့ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ပါသည်-
(၁) ဖွင့်လှစ်မည့်နေ့ရက် (၂၁-၁-၂၀၂၁)ရက်နေ့မှ (၂၂-၁-၂၀၂၁)ရက်နေ့ထိ (၂)ရက်
(၂) အချိန် နံနက် (၁၀၀၀)နာရီမှ (၁၅၀၀)နာရီအထိ
(၃) သင်ကြားမည့်ပုံစံ Virtual Online စနစ်
(၄) သင်ကြားမည့်ဘာသာရပ်များ- ကုန်သည် လုပ်ငန်းရှင်များမဖြစ်မနေသိသင့်သည့် ဘာသာရပ် နှင့်စနစ်အသုံးပြုမှုတို့အား အကျဉ်း ချုပ် သင်ကြားပေးမည်-
(က) Tradenet 2.0 စနစ်အသုံးပြုမှု
( ခ ) ပသကနှင့်ဆက်စပ်ကဒ်များ
( ဂ ) ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်
(ဃ) ပင်ရင်းနိုင်ငံသင်သေခံလက်မှတ်(CO)
(၅) သင်တန်းသားသတ်မှတ်ချက် ပသက မှတ်ပုံတင်ထားပြီး Myanmar Tradenet Member သက်တမ်း ရှိသည့် ကုမ္ပဏီများမှ သက်ဆိုင်ရာကုမ္ပဏီ အကြီး အကဲ မှ တာဝန်ပေး အပ်သည့်ဝန်ထမ်း(၁)ဦး
(၆) သင်တန်း လျှောက်လွှာနောက်ဆုံး သင်တန်းလျောက်လွှာနှင့် ကုမ္ပဏီမှထောက်ခံချက်တို့အား (၁၈-၁-၂၀၂၁)ရက်နေ့ (၁၆:၀၀) နာရီ အချိန်နောက်ဆုံးထားပြီး [email protected] သို့အချက်အလက်အပြည်အစုံဖြင့် ပေးပို့ရမည် ဖြစ်ပြီး လျှောက်လွှာ Form ပုံစံအား download ရယူနိုင်ပါသည်။
(၇) တက်ရောက်ခွင့်ရရှိသည့်လုပ်ငန်းရှင်ကိုယ်စားလှယ်များ၏ အီးမေလ်းသို့ သင်တန်းသင်ကြားမည့် Virtual Online Link အား တိုက်ရိုက်ပြန်လည်ပေးပို့သွားမည်ဖြစ်ပြီး သင်တန်းအား အချိန်ပြည့်ပြီး ဆုံး အောင်တက်ရောက်ရမည်ဖြစ်ပါသည်။
ကုန်သွယ်ရေးဦးစီးဌာန